Ch.(14) ရှန်ယို့ / ရွန္ယို႔

4.5K 860 8
                                    

Unicode

နောက်ဆုံးတော့ငါက ပဲငံပြာရည်ဇာတ်ကောင်ဆိုတာ ဝန်ခံလိုက်ပြီပေါ့?





ရှဲ့ကျစ်ဝေ့သည် ငါးစက္ကန့်လောက် စိတ်ပူသွားသည်။

ဇာတ်လိုက်က ဘယ်သူမို့လို့လဲ? သူသည် ယခုရှဲ့ကျစ်ဝေ့ ရှိတာတောင် ဘာမှမပြောဘဲ မူရင်းဝတ္ထုတွင် သူ့ဘာသာသူ စီမံခန့်ခွဲခဲ့သည်။  ထို့ကြောင့် သူ နောက်ပြန်လှည့်ကာ မင်ခုန်းနှင့် တည်တည်ငြိမ်ငြိမ် စကားစမြည် ပြောလိုက်သည်။  "ဘာလို့ဂိုဏ်းခေါင်းဆောင်ရှန်ယို့ကို မတွေ့တာလဲမသိဘူး?"

'အဲ့လူသတ်သမား တစ်ခုခုကို ခံစားမိလို့ ကြောက်စိတ်နဲ့ ပုန်းနေတာများလား?'

မင်ခုန်းရယ်မောလိုက်သည်။  “ကျနော့်ဂိုဏ်းခေါင်းဆောင်က ရှဲ့အကြီးအကဲနဲ့ ဆင်ပြီး သူ့ကိုယ်သူ ကမ္ဘာနဲ့ဝေးဝေးနေရတာကို ကြိုက်တယ်။  သူအမြဲတမ်း တံခါးပိတ် ကျင့်ကြံနေပြီး ဘယ်တော့မှ ပြန်ပေါ်လာမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ရှဲ့အကြီးအကဲက သူ့ကိုရှာနေတာလား?"

"ဂိုဏ်းက ဒီနှစ် ဓားညီလာခံ မကျင်းပတော့ဘူးလို့ ကြားတယ်၊ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်ရှန်က ကျွန်တော့်ကို လာဖို့ ဖိတ်ကြားတုန်းပဲ" ဟု ရှဲ့ကျစ်ဝေ့က ပြန်ဖြေသည်။  "သူ ကျွန်တော်နဲ့ အရေးတကြီး ပြေားရာရှိလို့လား မသိဘူး" 'ရူးများရူးနေတာလား? ငါ့ကိုခေါ်တုန်းကခေါ်ပြီး တံခါးပိတ် ကျင့်ကြံနေတယ်တဲ့။ ဘာအတွက်လဲ?'

တပည့်ငယ်နှစ်ယောက်က လက်ဖက်ရည်ဗန်းဖြင့် ဝင်လာပြီး မင်ခုန်းကထိုင်ဖို့ လက်ဟန်ပြသည်။ မုဟဲသည် ကြာနက်ကို ဖိနှိမ့်ပြီးသွားပြီဖြစ်ပြီး ယခု သူ့ခေါင်းပေါ်တွင် ပတ်တီးကိုပတ်ထားရင်း စပ်စုသလို လှည့်ကြည့်လိုက်သည်။  ပိုကျယ်တဲ့ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးတဲ့ ရုပ်ဆိုးပြီး ဆွံ့အနေတဲ့ တာအိုဆရာလေးဟာ အာရုံစိုက်ဖို့ မထိုက်တန်ပေ။  မင်ခုန်းက ရှဲ့ကျစ်ဝေ့အား "ဝန်ခံရရင်၊ ကျွန်တော့်ဂိုဏ်းခေါင်းဆောင်က သက်ဝင်လှုပ်ရှားတဲ့ အပြင်အဆင်တွေကို မကြိုက်ပေမယ့် ကိုယ်ခံပညာကိုတော့ ဝါသနာပါနေတုန်းပဲ။ အခုနှစ်မှာ ဓားညီလာခံမရှိတဲ့အတွက်၊ ထိပ်တန်းအဆင့် အရည်အချင်းရှိသူ လက်တစ်ဆုပ်စာကိုပဲ ဖိတ်ကြားထားတယ်။  ကျွန်​​တော်​တို့လုပ်​ရမှာက​တော့ သူထွက်လာတာစောင့်ဖို့ပဲ ရှိတော့တယ်။"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now