Ch.(51) နောက်ကြောင်းပြန် / နောက်ကြောင်းပြန်

2.5K 488 7
                                    

Unicode

သွေးထွက်လွန်ပြီးပဲ သေမလား၊ နာကျင်လွန်းလို့ပဲ သေမလား စဉ်းစားနေတုန်း....သူတကယ်သေသွားသည်။

__

"Idol ၊ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်... "

"ပြော။"

"မင်းရဲ့roleက အရမ်းအရေးကြီးတယ်။ မူရင်းဝတ္ထုမှာ မင်းက အရမ်းစောပြီး သေသွားပေမယ့် ဇာတ်လိုက်ရဲ့နှလုံးသားထဲမှာ ထာဝရရှိနေခဲ့တယ်။ အခု မင်းအသက်ရှည်ပြီး နေကောင်းနေပြီ၊ ဇာတ်လိုက်ကလည်း မင်းကို အများကြီး အားကိုးနေတော့ အဲဒါကသူ့ခန္ဓာကိုယ်နဲ့ စိတ်ကို ထိခိုက်စေတယ်။ အဲ့ဒါကြောင့် သူမူလဇာတ်ကွက်ထဲကနဲ့ လွဲနေတာ။"

"အဲ့ဒါကို ငါသိတာပေါ့၊ အခု ဘာလဲ?"

"Idol၊ ကျွန်​တော့်ရဲ့ အကြံကတော့ မင်းတစ်ကြိမ် သေဖို့ပဲ"

"...."

"Idol? ဒါအကြံကောင်း မလား? မင်းဆွံ့အသွားတယ် မလား?"

"ဟဲဟဲ"

"ကြည့်စမ်း၊ ရယ်တောင်ရယ်နေပြီ၊ မင်းကျွန်တော့်ရဲ့ ဖန်တီးဉာဏ်ကို သဘောကျနေတာဖြစ်ရမယ်။ နတ်ဆိုးဂိုဏ်း လာသောင်းကျန်းတဲ့အချိန်ကျ၊ မင်းက ရန်သူတွေကို ရှိသမျှစွမ်းအားတွေနဲ့သတ်ပစ်ပြီး ရလဒ်အနေနဲ့ အဆိပ်တက်ပြီး သေလိုက်။ ဇာတ်ဝင်ခန်းထဲက အကြီးမားဆုံး မိုးခြိမ်းသံကို ခိုးယူနိုင်ရုံသာမကဘဲ ဇာတ်လိုက်ရဲ့စိတ်ထဲမှာလည်း မင်းရဲ့မှတ်ဉာဏ်တွေကို ထွင်းထုပြီး ကျင့်ကြံရေးကမ္ဘာကြီးတစ်ခုလုံးမှာလည်း နာမည်ရလာမှာ!"

"လစ်.လိုက်.တော့"

-အထက်ပါအချက်များသည် လွန်ခဲ့သောနှစ်အနည်းငယ်က Gallant Outlaw ၏ မိုက်မဲသောစိတ်ကူးဖြစ်သည်။

ရှဲ့ကျစ်ဝေ့က သူဘယ်လိုငြင်းဆန်ခဲ့လဲဆိုတာကို မှတ်မိနေသေးသည်။ ပြပွဲကို ခိုးယူရတာ အရမ်းကောင်းပေမယ့် သူ့ရဲ့ အဓိကအချက်ကတော့ မသေဖို့ပါပဲ။ သို့မဟုတ်ပါက၊ ထုတ်လုပ်ရေးအဖွဲ့သားများ (သေဖို့သာ) ကိုရှောင်ရှားရန် သူ၏ကြိုးစားအားထုတ်မှုအားလုံး လွင့်သွားမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သေခြင်းတရားက အနှေးနဲ့အမြန်ဆိုသလို ရောက်လာတော့မှာမို့လို့ ဘာလို့ဟန်ဆောင်နေရအုံးမှာလဲ?

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now