Ch.(9) ဝန်းရံခံရခြင်း / ဝန္းရံခံရျခင္း

5.6K 829 10
                                    

Unicode

နေ့တိုင်း စတုရန်းကီလိုမီတာ ငါးဆယ်ကျယ်တဲ့ မြို့လေးမှာ ကျွန်တော် နိုးပြီး သန်မာတဲ့ တပည့်ထောင်ပေါင်းများစွာနဲ့ ဝန်းရံနေပေယ့် ကျွန်တော်ပျော်ဘူး...



မူရင်းဝတ္ထုရှိ မထင်မရှားဇာတ်ကွက်ကို နောက်ဆုံးတွင် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။  'ရှန်ယို့ နဲ့ အဲ့အညိုးကြီးတဲ့ဝိညာဉ်က ဘယ်လိုပတ်သက် နေတာလဲ? စန်းယွင်ဓားဂိုဏ်းမှာရော ဇာတ်လိုက်ကသူ့ကို ဘယ်လို လက်စားချေခဲ့တာလဲ?' မကြာခင် သူဒါတွေအကုန်သိတော့မှာ ဖြစ်သည်။ ရှဲ့ကျစ်ဝေ့ က သူ့မျက်လုံးများဖြင့် မျက်မြင်တွေ့နိုင်ဖို့ စိတ်အားထက်သန်နေသည်။  သို့သော် မူလရှဲ့ကျစ်ဝေ့ သည် လောကီရေးရာနှင့် မပတ်သက်လိုသောကြောင့် သူချက်ချင်း သဘောတူပါက သူ၏ ဇာတ်ကောင်ဆက်တင်များ ပျက်သွားမည်ဖြစ်သည်။  သူ့အမူအရာကို ပြောင်းလဲပြီး ခေါင်းကို ငုံ့ထားလိုက်သည်။

ချူကျစ်ရှစ်က အခွံခွာထားသောမျှစ်ကို ခြင်းတောင်းထဲသို့ ပြန်ထည့်လိုက်သည်။  "အာ့ရှစ်ရှူန်း မသွားချင်ဘူးဆိုတာ သိပါတယ်၊ အဲ့ဒါကြောင့် အဲ့အစား ကျွန်တော်သွားမယ်လို့ ပြောလိုက်တယ်။"

ရှဲ့ကျစ်ဝေ့က လေအေးကိုရူသွင်းလိုက်ပြီး သူ့ကို ကြည့်လိုက်သည်။  "မင်းသွားမယ်?"

ချူကျစ်ရှစ် လက်ပိုက်လိုက်သည်။  "ဘယ်လိုလဲ? ကျွန်တော် သဘောမကောင်းဘူးလား?"

'ငါ့@#*^!ကိုသဘောကောင်း! မင်းကို ဘယ်သူက ဝင်ပါခိုင်းလို့လဲ?  မူရင်းဝတ္ထုကို မဖတ်ဖူးဘဲ  စာဖတ်သူတွေရဲ့ ခါးသီးတဲ့ဘဝကို ဘယ်လိုသိနိုင်မှာလဲ? မင်းက သရုပ်ဆောင်လည်းမဟုတ်တော့  "ရှိုးပွဲလုခြင်း"ရဲ့ အဓိပ္ပါယ်ကို နားလည်မှာလည်း မဟုတ်ပါဘူးလေ။'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now