Ch.(55) ပြန်လည်တွေ့ဆုံ / ပြန်လည်တွေ့ဆုံ

2.6K 471 6
                                    

Unicode

ဘဝနှင့်ရင်း၍ မာရသွန်ပြေးနေရသော ရှဲ့ကျစ်ဝေ့






ရှဲ့ကျစ်ဝေ့သည် ဖြူနုသောလက်တစ်ချောင်းက သူ့လက်ထဲရှိ ပုစွန်သကြားလုံး၏ သစ်သားတုတ်ကို ဆုပ်ကိုင်မလိုက်ခင်အထိ တုံ့ပြန်ရန် အချိန်မရှိပေ။ အဲဒီနောက်မှာတော့ ပါးချိုင့်လေးတွေနဲ့ ဘောင်ခတ်ထားတဲ့ နှုတ်ခမ်းသေးသေးလေးတွေနဲ့အတူ ချောမောလှပတဲ့ မျက်နှာလေးဟာ သူ့ရှေ့မှာ ပေါ်လာသည်။

"ဟေ့ နင်လက်မလွှတ်သေးဘူးလား"

ရှဲ့ကျစ်ဝေ့ မျက်လုံးများ ပြူးကျယ်သွားသည်။

တစ်ဖက်လူက မျက်ခုံးပင့်လိုက်သည်။ "ဘာကြည့်နေတာလဲ! မြန်မြန်သကြားရုပ်ပေး!"

သစ်သားတစ်တုံးလို တောင့်သွားပြီး ရှဲ့ကျစ်ဝေ့၏ မျက်နှာပေါ်ရှိ အမူအရာများသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။ တစ်ဖက်သားက ဒေါသတကြီးနဲ့ အော်ငေါက်ဖို့ သူမလက်ကို ဖယ်လိုက်သည်။ "နင်... နင်ကြည့်နေတုန်းပဲ၊ အရုပ်ဆိုးတဲ့ မျက်နှာဖုံးမကောင်းဆိုးဝါးကြီး! ဒီမင်းသမီး နင့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်!"

ထန်ထိုက်မုံ့ သည်းမခံနိုင်တော့ဘဲ "မိန်းကလေး၊ ဒါသကြားရုပ်တစ်ရုပ်ပဲလေ။ ဘာလို့ဒီလောက်ရက်စက်ရတာလဲ"

စျေးသည်က လိုက်ပြောသည်။ "ဟုတ်တယ်၊ ဟုတ်တယ်အာ၊ မင်းပုဇွန်ကြိုက်ရင် အသစ်ထပ်လုပ်ပေးမယ်လေ။"

"မရဘူး!" စိတ်အားထက်သန်စွာဖြင့် မိန်းကလေးက ရှဲ့ကျစ်ဝေ့၏လက်ကို ညွှန်ပြလိုက်သည်။ "ဒီမင်းသမီးက သူကိုင်ထားတဲ့ဟာကိုပဲ လိုချင်တာ။ သူပေးရမှာပေါ့!"

သူမသည် ဆယ့်လေးနှစ်မှ ဆယ့်ငါးနှစ်ထက်မကြီးသော်လည်း ရက်စက်ကြမ်းကြုတ်ပြီး ဆင်ခြင်တုံတရားမဲ့သူဖြစ်သည်။ သူမ၏ ဒေါသစိတ်သည် ပြင်းထန်လုနီးပါး ဖြစ်နေသည်။ တခြားသူသာဆိုရင် အခုအချိန်မှာ အရိုက်ခံရလောက်မည်၊ ဒါပေမယ့် သူမက ခြွင်းချက်ပါ။ သူမဘဝတွင်၊ သူမသည် မိမိလက်ကို အသုံးပြုစရာမလိုဘဲ အခြားသူများကိုသာ ရိုက်နှက်ခဲ့သည်။ သူမသည် မုဟဲ၏ Haremမှ ယင်ဝူရွှမ်း(尹无双) ဖြစ်သည်။ သူမသည် ငယ်ရွယ်သော်လည်း ဇာတ်လိုက်နှင့် အချိန်အများဆုံး ကုန်ဆုံးခဲ့သည်။ သူမအဖေ မင်းသားယင်ရဲ့ ပံ့ပိုးကူညီမှုကို ရဖို့အတွက် မုဟဲကသူမကို အမြဲတမ်း အလိုလိုက်ခဲ့သည်။ သူသည် သူမအား လနှင့်ကြယ်များကိုပင် ပေးခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Donde viven las historias. Descúbrelo ahora