Ch.(130) ဝင်ရောက်တိုက်ခိုက် /ဝင္ေရာက္တိုက္ခိုက္

1.5K 267 5
                                    

Unicode

"ဒီဘဝမှာ တပည့်ရှစ်စွမ်းနဲ့ တွေ့ခွင့်ရတာ...တကယ့်ကို အံ့သြစရာပဲ"

ထန်တောက်ယောင် နောက်ဆုံးတွင် သတိပြန်ရလာသောကြောင့် ရှဲ့ကျစ်ဝေ့မှာ သူ့အခန်းဆီသို့ ​ပြန်ပြေးသွားခဲ့သည်။ လောလောဆယ်တွင်၊ တုရှန်းသည် လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုကို ကိုင်ဆောင်ထားပြီး အလယ်ဗဟိုတွင် ဝါးဝါးပုံသဏ္ဍာန် ကြာပန်းတစ်ပွင့်အရိပ်ယောင်ရှိသည့် ဤရွှေကြာပန်းသည် မုဟဲရှင်သန်ရေးအတွက် အလွန်အရေးကြီးပေသည်။

ရှဲ့ကျစ်ဝေ့ ဝင်လာတာကိုမြင်တော့ "ရှဲ့အကြီးအကဲ၊ ဒီဘုန်းကြီး ရွှေကြာပန်းကို ဆွဲထုတ်ပြီးသွားပါပြီ။ အရှင့်သားကို ကယ်တင်ဖို့ အခုပဲ ယူသွားလို့ရပါပြီ"

'ကြည့်ရတာ ထန်တောက်ယောင် သက်သာလာပြီနဲ့တူတယ်' ရှဲ့ကျစ်ဝေ့ရဲ့ နှလုံးသားထဲက ကျောက်တုံးဟာ ငြိမ်သက်သွားပြီး ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်သည်။ "ဒီရှဲ့သူ့ကို ကယ်တင်ပြီးရင်၊ ကျေးဇူးအတွက် သူ့ကိုဗုဒ္ဓဘာသာဂိုဏ်းရဲ့ တံခါးဆီ ကိုယ်တိုင်လာခိုင်းလိုက်ပါ့မယ်"

တုရှန်းက ခေါင်းသာခါလိုက်သည်။ “ကျုပ်တို့အားလုံး အန္တရာယ်ထဲရောက်နေတာပဲ။ အရှင့်သားကို ကူညီတာကလည်း ဗုဒ္ဓဘာသာဂိုဏ်းကို ကူညီတာပါပဲ”

ကိုးပြည်ထောင်ဘုရင်သည် နောက် မှရောက်လာကာ ထို စကားကို ချီးမွမ်းလိုက်၏။ “ဒီဘုရင် မဟာဆရာကြီးရဲ့ အကောင်းမြင်စိတ်ကို ကြည်ညိုလေးစားမိပါတယ်။ အခုရွှေကြာပန်းကို သုံးလို့ရပြီဆိုတော့ တပ်တွေကို ရက်အနည်းငယ်အတွင်း မြို့တော်ဆီပို့လို့ရပြီ။ ရှဲ့ကျစ်ဝေ့ မင်းဘယ်လိုထင်လဲ?"

သေချာတာပေါ့၊ ရှဲ့ကျစ်ဝေ့လည်း မြန်လေပိုကောင်းလေလို့ ခံစားရပါတယ်။ အခုအချိန် သူတို့မှာ နတ်ဆိုးကမ္ဘာရဲ့ရန်လိုချီကို နှိမ်နင်းဖို့ လရောင်မရှိသေးပေမယ့် ဆက်မစောင့်နိုင်တော့။ ရွှေကြာပန်းက လက်ထဲမှာရှိတော့ သူကြိုးစားကြည့်လို့ ရလောက်တယ်....မအောင်မြင်ခဲ့ရင်တောင် သူအစွမ်းကုန်ကြိုးစားမှာပဲ။

နောက်ဆုံး သူတကယ်ထွက်သွားခဲ့ရရင်တောင် အရမ်းတွန့်ဆုတ်မနေသင့်ဘူး။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now