Ch.(102) လနေဲ့လ / လေနဲ့လ

1.9K 332 4
                                    

Unicode

ဆောင်ကြာမြိုင်ကို လည်ပတ်တာက ရှဲ့ကျစ်​ဝေ့ရဲ့ အပြုအမူနဲ့ လုံးဝကိုက်ညီမှုမရှိပါ။ ဝမ်းနည်းစွာဖြင့် သင်၏ တည်ရှိမှုအမှတ်ကြယ်တစ်ဝက်ကို နုတ်ယူခံလိုက်ရပါပြီ


ရှဲ့ကျစ်​ဝေ့နှင့် မော့်ဇီနှစ်ဦးစလုံးသည် မသိစိတ်မှ လူအုပ်ဆီသို့ အကြည့်ရောက်သွာသသည်။ လမ်းအ၀င်ဝတွင် စျေးကြီးကြီး၀တ်စားထားသော မိန်းကလေးတစ်ဦးသည် မြင်းဖြူလေးစီးကာ ဈေးအတွင်း လှည့်ပတ်ကြည့်နေကာ ရွေ့လျားရန် အလွန်ပြည့်ကျပ်နေသောကြောင့် သူမ စိတ်မရှည်တော့ဘဲ ကြာပွတ်ကို ဝှေ့ယမ်းကာ ပြဿနာရှာနေတော့သည်။

သတ်ပစ်ရန် ရည်ရွယ်ချက်မရှိဘဲ ဝှေ့ယမ်းနေရုံသာပေမယ့် လူအုပ်ကြီးက သူမ၏ လှုပ်ရှားမှုမှ ရုန်းမထွက်နိုင်သေးပေ။ များမကြာမီပင် အစေအပါးများနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကောင်မလေးဆီအမြန်ရောက်လာ၏။ သူ့ကိုမြင်တော့ ကောင်မလေးက ဒေါသတကြီး လှည့်ထွက်သွားသည်။ ကောင်မလေး သူမကြာပွတ်ကို မချခင်အထိ အကြိမ်အနည်းငယ် သူချော့လိုက်ရသည်။

“ပျင်းစရာကြီး။ ပြန်လာတိုင်း အမြဲတမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကြီးပဲ"

ရှဲ့ကျစ်​ဝေ့ သားအဖနှစ်ယောက်ကို မှတ်မိလိုက်သည်နှင့် ခေါင်းကိုက်လာတော့သည်။ 'သူတို့ရဲ့ မကောင်းတဲ့လွှမ်းမိုးမှုက အခုထိ ရှိနေတုန်းပါလား!'

မော့ဇီက ယင်ဝူရွှမ်းကို နည်းနည်းကြာကြာ စိုက်ကြည့်ရင်း “အဲဒါ… စစ်သူကြီးမင်းသမီးယင်ပဲအာ”

"မင်းသူမကိုသိလား?" ရှဲ့ကျစ်​ဝေ့က သူ့ကို မေးကြည့်သည်။

“သိတာပေါ့” မော့်ဇီက မျက်တောင်မခတ်ဘဲ သူ့မေးစေ့ကို အုပ်ကိုင်ထားသည်။ “မြို့တော်မှာ စစ်သူကြီးမင်းသမီးယင်ကို မသိတဲ့လူမရှိဘူး။ သူမက နာမည်ဆိုးနဲ့ ကျော်ကြား…အဟွတ် အဟွတ် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ သူမမှာ ခန္ဓာကိုယ်လှလှလေးရှိပြီး ကြာပွတ်ကိုင်ထားပုံကလည်း အရမ်းလိုက်တယ်”

ရှဲ့ကျစ်​ဝေ့ စိတ်ထဲတွင် မော့်ဇီကို လက်မထောင်ပြဘဲ မနေနိုင်။ 'လူငယ်လေး၊ မင်းကြည့်ရတာ အလားအလာကောင်းတာပဲ! ဒီလိုယုတ္တိမရှိတဲ့၊ သန်မာပြီး ကလေးဆန်တဲ့မိန်းမကို တစ်နေ့ယဉ်ပါးအောင်လုပ်နိုင်ရင် မင်းကနောက်တက်မယ့် မြင်းကောင်ရှည်ဝတ္ထုဇာတ်လိုက်ပဲ!'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now