Ch.(104) တားမြစ်အသီး / တားျမစ္အသီး

2.2K 357 26
                                    

Unicode

⚠️ ကားသတိပေးချက်! ⚠️

ရှဲ့ကျစ်ဝေ့ သူ့သွားများ အံကြိတ်လွန်းလို့ မေးရိုးကွဲလုမတတ် ဖြစ်နေသည်။

'...ဘယ်လိုလုပ်မေ့နိုင်မှာလဲ? ငါသတိလက်လွတ်ဖြစ်သွားတာပဲ'

စန်းယွင်တောင်မှာ သူတစ်ကောင် မတော်တဆသတ်မိပြီး ညှီနံ့သွေးတွေက သူတို့နှစ်ယောက်လုံး အပေါ်ကို ဖျန်းကျသွားခဲ့သည်။ သူသည် ထိုအချိန်ကဘာဖြစ်သည်ကို မသိခဲ့ဘဲ ဇာတ်လိုက်၏ ချောင်းမြောင်းခံရခြင်းမှသာ ရှက်မိခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဝံပုလွေနက်သွေး၏ သက်ရောက်မှုများကို သိရှိခဲ့ပြီး၎င်းသည် သူ၏အရေပြားနှင့် မထိတွေ့မိသည့်အတွက်ပင် ဝမ်းသာခဲ့သည်။

'ခဏလေး၊ အရင်တုန်းက ဝံပုလွေသွေးကိုရှောင်ဖို့ ဇာတ်လိုက်ရဲ့ ကျင့်ကြံရေးအခြေခံက နိမ့်လွန်းတယ်၊ အဲ့တော့သူ....'

ရှဲ့ကျစ်ဝေ့၏ အမူအရာ ပြောင်းလဲသွားကာ မု​ဟဲသည်လည်း နားမလည်နိုင်အောင် နီရဲသွားသည်။ သူက ရှဲ့ကျစ်ဝေ့ ကိုကြည့်ကာ ညည်းညူလိုက်သည်။ "ရှစ်စွမ်းနဲ့ ပတ်သက်ပြီး တပည့်ပထမဆုံး မဟုတ်တာတွေးမိ​တာက ဝံပုလွေနက်ကိုသတ်တဲ့ညပဲ။ အခုတောင်မှ ရှစ်စွမ်း ရေပေါ်တက်တဲ့အခါ အဝတ်ပတ်လိုက်တာကို ရှင်းရှင်းလင်းလင်း မှတ်မိသေးတယ်”

"ဆက်မပြောနဲ့တော့" ရှဲ့ကျစ်ဝေ့ တုန်လှုပ်ချောက်ချားကာ သူ့ကို တားလိုက်သည်။ သူနောက်ထပ်စကားတစ်ခွန်းမထုတ်နိုင်ခင် အချိန်အတော်ကြာသည်။ “ဒါမမှန်ဘူး…”

'မင်း မိန်းကလေးတွေကို တုံ့ပြန်သင့်တာအာ!'

“တကယ်ကို မှားပါတယ်။ စီနီယာနဉ့်ထင်ကလည်း ဒီလိုပဲပြောခဲ့တယ်” မုဟဲ၏အကြည့်များ နက်နဲလာသည်။ "တပည့်လည်း မမှန်ဘူးဆိုတာသိပြီး အကြိမ်ပေါင်းများစွာဖိနှိပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော့်ခံစားချက်တွေက အချိန်ကြာလာတာနဲ့ မသိမသာ ပိုကြီးထွားလာတာချည်းပဲ....လေးနှစ်ကြာပြီး ရှစ်စွမ်းအသက်ပြန်ရှင်လာတဲ့အချိန်မှာ တပည့် ဖယ်ရှားနိုင်မယ်လို့ ရှစ်စွမ်းထင်ရဲ့လား?"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now