Ch.(129) အမှတ်တရ / အမွတ္တရ

1.6K 294 6
                                    

Unicode

"အရင်ဘဝတုန်းက ငါ့မှာသူငယ်ချင်းမရှိခဲ့ဘူး"


“အဲဒီအချိန် မြို့တော်မှာတစ်ခုခု မငြိမ်မသက်ဖြစ်သွားရင် အပြင်စည်းတပည့်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ကူညီခိုင်းလို့ရတယ်။ မဟာဆရာကြီးတုရှန်းက ကိုယ်ရံတော်အဖြစ် နန်းတော်ထဲဝင်ပြီး ကျန်တဲ့သူတွေက ယင်စန်းရှန်းကို ပိတ်ဆို့ကြမယ်။ ဘာမှမလွဲချော်အောင် ကျုပ်တို့လူခွဲပြီး မြို့တော်ထဲ ဝင်လို့ရတယ်” ဟု ရန်ကျစ်ဖေးက မြေပုံပေါ်တွင် နှစ်ချက်ဆွဲလိုက်သည်။ "ဆရာကြီးတုရှန်း၊ ဒီအစီအစဉ်က အဆင်ပြေမလား?"

တုရှန်းသည် ၎င်းကို အသေးစိတ်ကြည့်ရှုပြီး “ဂိုဏ်းခေါင်းဆောင်ရန်က အပြင်ဘက်နံရံကို ကောင်းကောင်း စဉ်းစားထားပေမယ့် ယင်အိမ်တော်ရဲ့ မြေအနေအထားကို ကျုပ်တို့မသိဘူးလေ။ ကျုပ်တို့အတွင်းပိုင်းကို ဝင်ပြီးတာနဲ့ အရှုံးပေါ်လိမ့်မယ်...”

ရန်ကျစ်ဖေး မျက်ခုံးပင့်လိုက်သည်။ "အိမ်တော်ထဲက တစ်ယောက်ယောက်သာ အညံ့ခံပြီး လမ်းပြပေးရင် ကောင်းမှာပဲ"

“အတွင်းပိုင်းအတွက် စိတ်ပူစရာ မလိုပါဘူး” ဟု အပြင်ကအသံတစ်သံက “ဒီဘုရင် ကြည့်စီစဉ်ပြီးပြီ”

စားပွဲရှေ့မှလူများသည် ကိုးပြည်ထောင်ဘုရင်နှင့် ရှဲ့ကျစ်ဝေ့ ခြံဝင်းထဲသို့ ရှေ့ဆင့်နောက်ဆင့်ဝင်လာသည်ကို တွေ့လိုက်ရသည်။

မွန်းတည့်နေပြီဖြစ်သော်လည်း ရှဲ့ကျစ်ဝေ့၏အခန်းတံခါးမှာ တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။ ရန်ကျစ်ဖေးမှာ သူပြီးခဲ့သည့် နှစ်ရက်အတွင်း အလုပ်များလွန်းသဖြင့် အိပ်ရေးပျက်ခဲ့သည်ဟု ထင်သောကြောင့် သွားမနှိုးခဲ့ပေ။ သူသွားစစ်ဆေးတော့မည့်အချိန်တွင် ရှဲ့ကျစ်ဝေ့မှာ သူ၏ကမ္ဘာ့ရန်​သူဖြစ်သည့် ကိုးပြည်ထောင်ဘုရင်နှင့် အမှန်တကယ် အတူပေါ်လာခဲ့လေသည်။ ဘုရင်ကြီးက တာအိုဂိုဏ်းနဲ့ မလွှဲသာလို့ပူးပေါင်းရရင်တောင် ရှဲ့ကျစ်ဝေ့အပေါ်တော့ ဘယ်တော့မှနှိမ့်ချမည်မဟုတ်။ တစ်ညထဲနဲ့ ဘာတွေဖြစ်ခဲ့တာလဲ?

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now