Ch.(117) ပုန်ကန်မှု / ပုန္ကန္မႈ

1.5K 281 7
                                    

Unicode

သူကငါ၊ ရှဲ့ကျစ်ဝေ့ရဲ့ တပည့်ပဲ!

နတ်ဆိုးဂိုဏ်းသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ကျင့်ကြံသူများရှေ့တွင် ပေါ်ထွက်ခဲသော်လည်း ချုံးကျိုးယွင်သည်တော့ အခြားသူများကို ရန်စသောအခါတွင် အမြဲရှိနေခဲ့သည်။ သူမရောက်ရှိချိန်တွင် အားလုံး၏မျက်နှာ ပြောင်းလဲသွားကာ မုဟဲပင် မော့ကြည့်လိုက်သည်။

ချုံးကျိုးယွင်သည် သူမ၏ ဖီးနစ်ငှက်ကျောပေါ်မှ ပျံလာသည်။ သူမဝတ်ရုံလက်ကို လှိုင်းလုံးတွေလို လှုပ်လိုက်သောအခါ ငှက်ကလေးက အော်ဟစ်ပြီး အဝေးက ကောင်းကင်ယံထဲကို ပျံသွားပြန်သည်။ သူမသည် လူစုလူဝေးထက်တွင် ရပ်ကာ ပြုံးလိုက်သည်။ "ယင်ဘုရင်ရဲ့ဖိတ်ကြားချက်အရ ဒီအစေခံက ကျွန်မဆွေမျိုးကို အသိအမှတ်ပြုပေးဖို့ ရောက်လာတာပါ"

အားလုံးက အကြည့်ချင်းဖလှယ်ကြသည်။ ဤသည်မှာ မုဟဲ၏အထောက်အထားကို နတ်ဆိုးဂိုဏ်းမှ ဝန်ခံလိုက်ခြင်းနှင့် ညီမျှပေသည်။ ရှဲ့ကျစ်ဝေ့၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။ ချီယန်ပုံစံ အယောင်ဆောင်ခြင်းမှ ဖော်ထုတ်ခံရပြီးနောက် သူ ချုံးကျိုးယွင်ကို ထပ်မတွေ့ရတော့ပေ။ သူမက ယင်စန်းရှန်းနဲ့ တိတ်တဆိတ် ပူးပေါင်းနေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့! ဒါမယုံနိုင်စရာပဲ! ဇာတ်လိုက်နဲ့ ဇနီးမောင်နှံ မဖြစ်နိုင်ရင်တောင် သူရဲ့အမျိုးပဲလေ။ ဒီလိုအချိန်မျိုးမှာ ဘာလို့ မီးတောက်ထဲ လောင်စာထည့်နေရတာလဲ!?

ချုံးကျိုးယွင်သည် သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေကာ ရှဲ့ကျစ်ဝေ့ဆီသို့ လှမ်းကြည့်လိုက်သည်။ “ဒီအစေခံ တာအိုဆရာလေးရဲ့ ကိစ္စအားလုံးကို ကြားပါတယ်။ စိတ်မပူနဲ့နော်၊ ဒီအစေခံ အရင်အချိန်တွေကို အမီလိုက်ဖို့ နောက်မှလာရှာတော့မယ်"

ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း ပြောလာတော့ ရှဲ့ကျစ်ဝေ့က ချောင်းခြောက်ဆိုးကာ “မိန်ကလေး နောက်နေပြန်ပါပြီ” ဟုဆိုသည်။

ရှကျစ်ချီ၏ အေးစက်သောအသံက "တာအိုဂိုဏ်းရှေ့မှာ လေးစားမှုပြပါ" ဟုပြန်ဖြေသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now