Ch.(97) အိမ်မက်ဆိုး / အိမ္မက္ဆိုး

2.4K 472 10
                                    

Unicode

ခွေးပြာလိုအသွေးအရောင်...

ညဉ့်နက်သန်းခေါင်တွင် လေထုထဲတွင် ကျယ်လောင်ကြည်လင်သော အသံများ ပဲ့တင်ထပ်လာသည်။

“….” ရှဲ့ကျစ်ဝေ့က ပြောသည်။

'ငါ့နှလုံးသားလေး ပင်ပန်းနေပါပြီ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်တာတွေ ဘယ်ရောက်သွားတာလဲ!? ယင်စန်းရှန်း မင်းစောင့်ကြည့်နေ၊ မင်းနဲ့ မင်းရဲ့ ပြောင်မြောက်တဲ့ သမီးတော်လေးကို ဇာတ်လိုက်ဘယ်လို ကိုင်တွယ်မလဲကြည့်ပြီး ထိုင်ရယ်နေလိုက်မယ်ကွ!'

ယင်စန်းရှန်း၏အော်သံသည် ခြံဝင်းအတွင်းရှိလူတိုင်းကိုသတိပေးခဲ့သော်လည်း မုဟဲက ခေါင်းညိတ်ကာ ငြိမ်သက်နေခဲ့သည်။ "ဦးလေးယင်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်" ပိတ်ထားတဲ့ တံခါးတွေကို ကြည့်ပြီး “ကျွန်တော့အခန်းမှာ တစ်ယောက်ယောက် ရှိတယ်။ ဦးလေး တွေခဲ့တာလား?”

ယင်စန်းရှန်း လက်ကို ဝှေ့ယမ်းလိုက်သည်။ “မဝင်ဘူးလို့ပြောခဲ့တယ်လေ၊ အဲ့တော့သေချာပေါက် မဝင်ခဲ့ဘူးပေါ့ ဆူညံသံတွေပဲကြားတာပါ…”

မုဟဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့ ဦးလေး။ သူက ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ ဧည့်သည်ပါ။ သူက အမြန်လာရတာမို့လို့ ဒီည ဒီမှာနေနေတာပါ"

ယင်စန်းရှန်း အံ့သြသွားသည်။ “အရေးကြီးတဲ့ ဧည့်သည်၊ ဒါပေမယ့်…” 'ဒါပေမယ့် သူကဘာလို့ ကုတင်အောက်မှာ ပုန်းနေရတာလဲ?'

"ဘာဖြစ်​လို့လဲ? ဦး​လေး ထူးဆန်းတာ​ သတိထားမိလို့လား?"

"အားလုံးအဆင်ပြေပါတယ်" ယင်စန်းရှန်းက ချောင်းခြောက်ဆိုးပြီး ဆင်ခြေပေးလိုက်သည်။ "ဝူရွှမ်းက မင်းကိုတွေ့ဖို့ အော်ဟစ်နေပေမယ့် အရမ်းအေးပြီး မှောင်နေပြီ။ နောက်တော့ သူထပ်ကြိုးစားတာပဲ… ဒါနဲ့ ဦးလေး သူ့ကို တားလိုက်ရတယ်။ တူလေး ဘာမှမဖြစ်ဘူးဆိုတော့ မနက်ဖြန်မှ လာခဲ့လိုက်ပါ့မယ်"

"ဝူရွှမ်း တော်တော်လန့်သွားမှာပဲ။ စိတ်မပူပါနဲ့ ဦးလေး၊ ကျွန်တော် သူ့အတွက် တရားခံရှာပြီး တရားမျှတမှု ရအောင် လုပ်ပေးပါ့မယ်" မုဟဲက သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ "နောက်ကျနေပြီ၊ ဦးလေး စောစောအနားယူပါ"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now