Ch.(68) ဖမ်းမိခြင်း / ဖမ်းမိခြင်း

2.4K 454 5
                                    

Unicode

ဒူးထောက်ရရင်တောင် ခိုးယူထားတဲ့ အပိုင်းကို ပြီးအောင် ကစားရမည်...




ရှဲ့ကျစ်ဝေ့ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ယနေ့ သွေးကျောက်မှ ထုတ်ယူထားသော မှတ်ဉာဏ်အပိုင်းအစများကို မြင်နိုင်လောက်အောင် ကံကောင်းခြင်းမရှိပါက၊ ဇာတ်လိုက်တွင် ပို၍ သနားစရာကောင်းသော ငိုကြွေးသည့် ဇာတ်ဝင်ခန်းများ ရှိမည်ဟု ဘယ်တော့မှ မျှော်လင့်ခဲ့မည်မဟုတ်ပါ။ သူသေဆုံးသွားသောအခါ ဇာတ်လိုက်သည် ထိုကဲ့သို့ ငိုကြွေးခဲ့သည်... သူသာ ဟန်ဆောင်တာဆိုရင် သူ၏ သရုပ်ဆောင်မှုစွမ်းရည်သည် ကြောက်စရာကောင်းလှသည်။

ဒါပေမယ့် အတုအယောင်လို့တော့ မထင်ပေ။ ​ဇာတ်လိုက်သည် သူ၏အထောက်အထားကို ပြန်လည်ရရှိပြီးသောအခါတွင် ဟန်ဆောင်ရန် မလိုအပ်တော့ပါ။ ရှဲ့ကျစ်ဝေ့သည် အတွေးများတွင် ငြင်းခုန်နေတုန်း မုဟဲ​၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် လက်ကို ပြင်းထန်စွာ ဖယ်ချခံလိုက်ရသည်။ သူသည် လျင်မြန်စွာ တည်တည်ငြိမ်ငြိမ်နှင့် မုဟဲ၏ မျက်လုံးများနှင့်ဆုံရန် မျှော်ကြည့်လိုက်သည်။ ၎င်းတို့သည် အနီရောင်မဟုတ်တော့ဘဲ ကြယ်များကဲ့သို့ ကြည်လင်တောက်ပနေသည်။ ရှဲ့ကျစ်ဝေ့သည် အလိုလို နောက်ပြန်ဆုတ်သွားပြီး ခြေဆုံးမှ အေးစက်သွားသည်။

နူးညံ့သောအမူအရာသည် မုဟဲ၏မျက်နှာမှ ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်သည် ရေခဲများဖြင့် ပြည့်နေပုံရသည်။ တစ်စုံတစ်ခုကို အာရုံခံမိကာ ညာလက်ကို မြှောက်လိုက်ပြီး လက်ချောင်းများကို ဖြန့်လိုက်တော့ မှိန်ဖျော့ဖျော့ သွေးစိမ်းများ လက်ဖဝါးတွင် ထင်လာသည်။ အရိုးများနှင့် အသားများ နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာသဖြင့် အဆစ်များကို လွတ်လပ်စွာ ရွှေ့နိုင်သည်။

သူသည် သူ့လက်ထဲမှ ဝိညာဉ်စွမ်းအင်အကြွင်းအကျန်များကို အမြန်ဖော်ထုတ်ပြီး “ကြာနီရဲ့ရောင်ဝါ” ဟု ရေရွတ်လိုက်သည်။

ရှဲ့ကျစ်ဝေ့သည် ချင်းဖျင်ဓား ကျောက်စိမ်းရောင် အလင်းဖြင့် ပေါက်ကွဲသွားသည်ကို မြင်လိုက်ရပြီး သူ့နှလုံးသား ခုန်သွားသည်။ ဟုတ်တယ်၊ ဇာတ်လိုက်၏ညာလက်ကို ကုသဖို့ အားထုတ်ရန်မှာ မလွယ်ပေ၊ ဆိုလိုသည်မှာ သူသည် ၎င်းကို မချိမဆန့်ထားလိုကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်... 'သူMဖြစ်ဖြစ် ပျော့ညံ့ဟန်ဆောင်​တာဖြစ်ဖြစ် ထားလိုက်တော့။ ငါအခု ဘာလုပ်ရမလဲ? ငါ့ရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်က ဆိုးတဲ့ဟာဖြစ်သွားပြီ!'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now