Ch.(85) ဖမ်းမိသူများ / ဖမ္းမိသူမ်ား

2.5K 446 7
                                    

Unicode

မင်းငါ့အပေါ်က အရင်ဖယ်ပေးလို့ရမလား?

အစေခံမလေးက ခေါင်းခါသည်။ "ကျွန်မလည်း မသေချာပါဘူး။ ကျွန်​​မတို့အစေခံတွေက အရှင့်သားဘေးမှာ မရှိ​တော့ သူ့ကိစ္စ​တွေကို ဘယ်​လိုလုပ်သိနိုင်​မှာလဲ?"

ရှဲ့ကျစ်ဝေ့သည် သူမ၏ မျက်လုံးများ အနည်းငယ် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် စိတ်ဝင်စားသွားသည်။ "ဒါဆို မင်းပြောခဲ့တဲ့စကားတွေကို ဘယ်က ​ရခဲ့တာလဲ?"

အစေခံမလေးသည် စကားထစ်လာသည်။ "ကျွန်မ တစ်ယောက်ယောက်ဆီက ကြားတာပါ" အသုံးအဆောင်ပစ္စည်းများကို ကောက်ယူပြီး ထွက်ခွာရန် ပြင်ဆင်တော့သည်။

ရှဲ့ကျစ်ဝေ့သည် စာအုပ်စင်မှ စာလိပ်တစ်လိပ်ကို တိတ်တဆိတ် ကောက်ကိုင်လိုက်ပြီး "ကောင်မလေး၊ အဲဒီအစောင့်ကို မင်းသိတာ ဘယ်လောက်ကြာပြီလဲ?"

မျက်လုံးများ ပြူးကျယ်လာသည်နှင့်အမျှ အစေခံ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ "အကြီးအကဲ ဘယ်လိုသိတာလဲ?"

ရှဲ့ကျစ်ဝေ့က မော့မကြည့်ဘဲ လေးနက်ဟန် ဟန်ဆောင်လိုက်သည်။ "ဒီအတိုင်းပါပဲ၊ ငါအာရုံခံ ကြည့်လိုက်တာ"

'အရမ်းသိသာပါတယ်၊ ဟုတ်ပြီလား? ဒီကbroက ဖျော်ဖြေရေးလောကထဲမှာ တခြားသူတွေကို ဘယ်လိုအရိပ်အကဲကြည့်ရမလဲဆိုတာ သိတာကြာလှပြီ။ သူမက မင်းသားရဲ့အနားမှာ မရှိပေမယ့်လည်း သူ့ကိစ္စတွေကိုသိတယ်။ မုဟဲ ကွေးသွားပေမယ့်လည်း ဝတ္ထုကမ္ဘာရဲ့လော့ဂျစ်ကြီးက ပုံမှန်ဖြစ်နေတုန်းပဲ။ လူတွေကိုဖမ်းပြီး စစ်ဆေးမေးမြန်းဖို့ အမျိုးသမီးအစောင့်တွေ ခေါ်လာမှာ မဟုတ်ဘူး' မိန်းကလေး၏ စကားများသည် သူမပြောသောအခါတွင် ချိုမြိန်သော ပျော်ရွှင်မှု အရိပ်အယောင်များ သယ်ဆောင်လာတာကို သူမကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။

ချစ်စိတ်ဝင်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ IQမိုင်းနပ်ပဲရှိသည်။

ရှဲ့ကျစ်ဝေ့က ရိုးသားပြီး အားကောင်းတဲ့လေသံနဲ့ "မင်းကို သဘောကျတဲ့သူနဲ့ တွေ့တာ ကောင်းပါတယ်၊ ဒါပေမယ့် မင်းမိဘတွေကို ပြောဖို့မမေ့နဲ့အုံး။ ဒါတွေကို စောစောဖြေရှင်းတာ ပိုကောင်းတယ်”

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now