Ch.(20) မကောင်းမှုများ / မေကာင္းမႈမ်ား

4K 633 3
                                    

Unicode

"ရှဲ့ကျစ်ဝေ့က တစ်ယောက်ယောက် သေတာကို ရပ်ကြည့်နေမှာမဟုတ်ပါဘူး။ သင်သည် OOC လုပ်ဆောင်ပြီးဖြစ်သောကြောင့် တည်ရှိမှုအမှတ် ကြယ်တစ်ပွင့်ကို နုတ်ယူလိုက်ပါမည်"


အကြိတ်အနယ်ကစားပြီးနောက် မင်ခုန်းသည် သူတို့အား ထိုင်ခုံများသို့ ယဉ်ကျေးစွာထိုင်ရန် ညွှန်းခဲ့သည်။

ရှဲ့ကျစ်ဝေ့က "မနေ့ညက သခင်ငယ်လေး ဘယ်လိုနေလဲ မေးလို့ရမလား?" ရိုးသားသော ရှဲ့ကျစ်ဝေ့သည် မိန်းကလေးတစ်ဦးထဲကိုတော့ ဘယ်တော့မှ ဂရုစိုက်မှာမဟုတ်ကြောင်း သူ မေ့လုနီးပါးပင်။  စိတ်အနှောင့်အယှက်ဖြစ်ရင်တောင်မှ အဲ့နှာရည်တွဲလောင်းနဲ့ ကောင်လေးအကြောင်း မေးရအုံးမယ်။

မင်ခုန်းသည် တပည့်တစ်ဦးထံမှ လက်ဖက်ရည်ဗန်းကိုယူကာ လက်ဖက်ရည်တစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ ကမ်းလှမ်းခဲ့သည်။  "မင်း အနန္တတအိမ်တော်ရဲ့ သခင်လေး လုကျန့်ယွင် (陆占云)ကို ပြောတာဖြစ်ရမယ်။ သူနေကောင်းပါတယ်၊ အေးအေးဆေးဆေးပဲ။ အခုတော့ ကျွန်တော်တို့ အခန်းထဲမှာ နားနေပါတယ်။"

မုဟဲသည် နာမည်ကို ဉီးနှောက်ဖြင့် အမိအရမှတ်ထားကာ ဘေးတွင် ပြုံးလျက် ရပ်နေလေသည်။

ရှဲ့ကျစ်ဝေ့က ကျေးဇူးတင်စကား ပြောကြားပြီး လက်ဖက်ရည်ကို လက်ခံခဲ့သည်။  “အိမ်တော်သခင်ကြီးလုက သူ့သားကို အရမ်းချစ်ပြီး အလိုလိုက်တယ်ထင်တယ်။ နောက်ကျရင် သူ့အတွက် ဘဝခရီးဆက်ဖို့ ခက်ခဲလိမ့်မယ်။"

မင်ခုန်း ရယ်မောလိုက်သည်။  "အတိအကျပဲ။  လောလောဆယ်တော့ သူ့ကို ဒီခန်းမမှာ ကုသပေးနေပါတယ်။  ဒီနေ့ မဟာဆရာကြီးတုရှန်း  (渡生大师) ရောက်လာရင် ဧည့်သည်တွေကို ကြိုဆိုဖို့ ညဘက်မှာ ကျွန်တော်ကိုယ်တိုင် အဖော်ပြုပေးပါ့မယ်။"

မဟာဆရာကြီးတုရှန်း သည် ဇင်ဗုဒ္ဓဘာသာ ကျင်းကွမ်းဂိုဏ်း (金光禅宗) ၏ မဟာပညာရှိကြီး၃ယောက် (大圣僧) မှ တစ်ယောက်ဖြစ်သည်။

'ရှန်ယို့နဲ့ မင်ခုန်းက သူ့ကိုပါ တကယ်ဖိတ်ခဲ့တာလား။ ကြည့်ရတာ ဒီပွဲက စကားစမြည်ပြောတာထက် ပိုမယ့်ပုံပဲ။'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now