Ch.(17) လှုံ့ဆော်မှု / လႈံ႕ေဆာ္မႈ

4K 697 13
                                    

Unicode

ကျွန်ုပ်သည် ကျွန်ုပ်၏ ကျောင်းသား၏ ရေချိုးတာ ချောင်းမြောင်းခြင်း ခံလိုက်ရသော အမျိုးသားတစ်ဦးဖြစ်သည်။  ဒါက အားကိုးရတဲ့ ဆရာတစ်ယောက်အနေနဲ့ ငါ့ရဲ့ပုံရိပ်ကို ထိခိုက်စေမှာလား? အရေးပေါ်၊ အဖြေများကို အွန်လိုင်းမှာ စောင့်နေပါတယ်!'

(T/N: heatဝင်နေတဲ့တပည့်နဲ့ တရားဟော်ဆရာနဲ့တွေ့တာပဲ🤣)



မုဟဲ​သည် ရေအောက်ခြေတွင် ခဏစိမ်ပြီး အေးသွားသည်အထိ မျောနေသည်။ တောက်ပသော လရောင်အောက်တွင် ဝါးရွက်များကို အေးမြသောလေများ တိုက်ခတ်လာသောအခါ သူတုန်လှုပ်သွားသည်။  ၎င်းတို့၏ မညီမညာသော အရိပ်များသည် တညီတညွတ်တည်း ပေါ်လာပြီး ကျီးကန်းမီးခိုးရောင် ကြယ်ဝတ်ရုံ၏ ပုံရိပ်ဖြစ်လာသည်။  တစ်ဖန် သူ့ဒန်ထျန်းသည် စတင်လောင်ကျွမ်းလာလေပြီ။

“မကောင်းတော့ဘူး” လို့ ရေရွတ်ပြီး ရေအောက်ကို ပြန်ဆင်းသွားသည်။

အချိန်အတော်ကြာတော့ သူ မျက်လုံးတွေကို မှိတ်ရင်း ဝါးကို မှီထားလိုက်သည်။  သူ၏ မူမမှန်မှုကို သတိပြုမိရင်း နဉ့်ထင်သည် ကြာနက်ထဲမှ နိုးလာပြီး "မင်းဘာဖြစ်နေတာလဲ?"

မုဟဲသည် ရေကူးကန်၏ အစွန်းဘက်သို့ မှီ၍ မျက်နှာမှ အစက်များကို သုတ်လိုက်သည်။  “စီနီယာ၊ ဝံပုလွေနက်သွေးက အရမ်းထူးဆန်းတယ်။ ကျွန်တော်ထိတာဆိုလို့ သွေးနည်းနည်းစင်သွားရုံပဲကို အခု အရမ်းပူနေသလို ခံစားရတယ်"

"မင်းကို ဝံပုလွေရောင် သွေးတွေ လာစင်တယ်?"  နဉ့်ထင်က မေးသည်။

“ဟုတ်ကဲ့။”

နဉ့်ထင် ငြိမ်သွားသည်။  မသေချာမရေရာသော ခံစားချက်ဖြင့် ဝံပုလွေနက်သွေးက အန္တရာယ်ရှိလားဟု မုဟဲ တွေးမိသည်။  အဆိပ်များလား?  အဲ့ဒါကြောင့် သူ အခု အရမ်းနေလို့မကောင်း ဖြစ်နေတာလား?

“စီနီယာ၊ ဒီသွေးနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်များရှိလား”

နဉ့်ထင်က မဖြေဘဲ “မင်း… ရင်ထဲပူနေလား” ဟု မေးသည်။

မုဟဲက ပြန်စဉ်းစားပြီး တွေးမိသည် ။  "ဟမ်...ထင်တာပဲ"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now