Ch.(13) Sidestoryစတင်ပြီ / Sidestoryစတင္ၿပီ

4.8K 709 7
                                    

Unicode

ကြည့်ရတာ ဒီတစ်ခါတော့ ဇာတ်လိုက်မှာ ပန်းတိုင်၂ခုပဲရှိတော့တယ်:  ကလဲ့စားချေတာနှင့် အချစ်ဇာတ်လမ်းပဲ။


ထိုငါးများ မသေဆုံးမှီ တခဏမျှသာ ကြာသည်။  ကြည်လင်သောရေကန်သည် ယခုအခါ ညစ်ညမ်းနေပြီး အနံ့အသက် ထွက်နေသည်။ ချူကျစ်ရှစ်က အေးစက်သောလေကိုရူပြီး အသက်ရှူအောင့်ကာ ရှဲ့ကျစ်ဝေ့ကို တစ်ချက်ကြည့်လိုက်သည်။  "ကော၊ စစ်ရှစ်ရှုန်းက ကောကို ဒီဆေးပြားတွေပေးခဲ့လား"

ရှဲ့ကျစ်ဝေ့သည် ရွှေငါး၏ အလောင်းကောင်များကို စူးစိုက်ကြည့်ပြီး ဝမ်းနည်းပူဆွေးကာ မျက်နှာ နီရဲလာသည်။ ဒါက တကယ်ကို နည်းနည်း လွန်လွန်းတယ်။ သူအားလပ်ချိန်တွေမှာ ငါးကို ဝါးရိုးတံနဲ့ ကျီစားတာ ဒါမှမဟုတ် ငါးအစာစားတာကို ကြည့်ရတာ ကြိုက်သည်။ ခွေးကလည်း ရေထဲမှာ ဆော့ရတာ သဘောကျသည်။ ရေကန်သည် ဤပျင်းစရာကောင်းသော ဝါးတောတွင် သူတို့၏ တစ်ခုတည်းသော အပန်းဖြေစရာရင်းမြစ်ဖြစ်သည်။

'မင်းကြိုက်သလို လုပ်လို့ရပေမယ့် အဲဒီရွှေငါးတွေက အပြစ်ကင်းတယ်ကွ!'

ချုကျစ်ရှစ် နောင်တရသွားခဲ့သည်။ “ကောရဲ့တပည့်သာ ချော်ပြီး ဆေးပြားတွေကို ရေကန်ထဲ မပစ်ချလိုက်ရင်..."

မုဟဲသည် ထိတ်လန့်စွာ အော်ဟစ်လိုက်ရာ အာရုံများ ပြန်လည်ကောင်းမွန်လာပုံရသည်။ ချူကျစ်ရှစ် သူ့ကိုကြည့်သောအခါတွင် သူသည် သိမ်မွေ့စွာ တုန်တုန်ယင်ယင်ဖြစ်နေသော်လည်း မတ်တပ်ရပ်ကာ ပါးစပ်ကိုပိတ်လိုက်သည်။

ရှဲ့ကျစ်ဝေ့က ဘာမှမပြောဘဲ စိတ်ထဲတွင် ရယ်မောလိုက်သည်။  'ချော်တယ်? သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပေါ့'

အခြေအနေက ဆိုးရွားနေသော်လည်း ဆရာနှင့်တပည့် နှစ်ယောက်စလုံး နှုတ်ဆိတ်နေခဲ့သည်။ ချူကျစ်ရှစ် အသက်ရှူသွင်းပြီး ခေါင်းယမ်းလိုက်သည်။ “သူတို့ပြောသလို၊ 'ဒီဆရာနဲ့၊ ဒီတပည့်ပါပဲ'"

ရှဲ့ကျစ်ဝေ့ သက်ပြင်းချပြီး မုဟဲ၏ခေါင်းကို နှစ်ကြိမ်ပုတ်လိုက်သည်။

Too Bad Master Died Early [Mm translation] {Completed}Onde as histórias ganham vida. Descobre agora