Ch.(93) ပြန်လှည့်ခြင်း / ပြန်လှည့်ခြင်း

2.2K 414 2
                                    

Unicode

မင်းအမှန်တိုင်းပြော ဇာတ်လိုက်သေမှာလား?


နံနက်မိုးလင်းတော့ ခရီးဆက်ခဲ့ကြ၏။

ချုကျစ်ရှစ်နှင့် ထန်ထိုက်မုံ့တို့သည် တင်းမာနေဆဲဖြစ်သော်လည်း လိုက်ဖမ်းသူများမရှိတော့ကြောင်း ရှဲ့ကျစ်ဝေ့ ရှင်းရှင်းလင်းလင်းသိသည်။ သို့တိုင် သူ တိတ်တိတ်ဆိတ်ဆိတ်နေပြီးသာ လိုက်ပါသွားခဲ့သည်။ ချုကျစ်ရှစ်သည် ရထားပေါ် ပထမဆုံးတက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

နောက်ပြန်လှည့်ကြည့်တော့ “အာ့ရှစ်ရှုန်း ကိုးပြည်ထောင်ဘုရင် ကောနန်းတွင်းမှာနေခဲ့တာ မသိဘူးမလား? မဟုတ်ရင် သူလွှတ်လိုက်တဲ့လူတွေက ကောကိုချန်ထားပြီး ကျွန်တော့်ကိုပဲ ပစ်မှတ်ထားမှာ မဟုတ်ဘူး”

ထန်ထိုက်မုံ့က “သူတို့ သေချာပေါက်မသိဘူး။ မဟုတ်ရင် ဘယ်သူ့ကိုမှ ပို့မှာ မဟုတ်တော့ဘူး၊ ဘာလို့ဆိုအသုံးမှမဝင်တာ”

ချုကျစ်ရှစ် ရယ်လိုက်သည်။ “မနေ့က ဒီလူတွေ အာ့ရှစ်ရှုန်းကို လုံးဝ မတိုက်နိုင်ဘူး။ ပြီးတော့ ဟိုကောင်လေးမုဟဲကပါ ပြန်တိုက်သေးတယ်ဆိုတော့ ပြန်ရောက်ရင် ဘယ်လိုရှင်းပြကြမလဲ မသိဘူး"

ထန်ထိုက်မုံ့သည် စကားလှည့်မပြောခင် ရထားပေါ်သို့ ပစ္စည်းများ တင်လိုက်သည်။ "အရှင့်သားရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းရခက်ပေမယ့်၊ သူ ကိုးပြည်ထောင်ဘုရင် အပေါ်နာခံတယ်လို့ ကြားတယ်။ ကျေးဇူးရှင်၊ ဒါအတွက် ဘုရင်ကြီး သူ့ကို အပြစ်တင်မယ်ထင်လား?"

ရှဲ့ကျစ်ဝေ့ ခေါင်းယမ်းရင်း မျက်မှောင်ကြုတ်သွားသည်။ 'မူရင်းဝတ္ထုမှာတောင် ဒီလိုမဖြစ်ခဲ့တာ၊ ငါကဘယ်လိုသိမှာ?' စာအုပ်ထဲတွင် ကိုးပြည်ထောင်ဘုရင်၏ တည်ရှိမှုသည် ရှဲ့ကျစ်ဝေ့ ကိုယ်တိုင်ကဲ့သို့ပင် အလွန်နည်းပါးခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဇာတ်လိုက်ကို အဆင့်မြှင့်တင်ရန် အသုံးပြုသည့် ကိရိယာများသာဖြစ်သည်။ ဇာတ်လိုက် အဆင့်အတန်းလိုအပ်သောအခါ ဘုရင်သည် သားတော်အဖြစ် အသိအမှတ်ပြုရန် အပြေးအလွှားသွားခဲ့သည်။ ဇာတ်လိုက် အာဏာလိုတဲ့အခါ ဘုရင်က သူ့ကို စစ်အာဏာတံဆိပ်ပေးသည်။ အပိုင်းတစ်ပိုင်းတွင် ဇာတ်လိုက် ထီးနန်းတောင်းသောအခါ ဘုရင်သည် ဧကရာဇ်မင်းအဖြစ် ဆက်ရှိနေရန် သို့မဟုတ် ဇာတ်လိုက်၏မိုးကြိုးကို ခိုးယူမိမှာ ကြောက်ရွံ့ပြီး အနားယူခဲ့သည်။ ဒါပေမယ့် ဇာတ်လိုက်က ဘုရင်ကို ကျေနပ်တဲ့အထိ ချော့နိုင်မလားဆိုတာကိုတော့ အားလုံးက ဆက်စပ်နေပါတယ်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now