Ch.(112) အိမ်မက်ထဲသို့ / အိမ္မက္ထဲသို႔

2.1K 338 6
                                    

Unicode

ယောကျာ်းနှစ်ယောက် အတူတူအိပ်တာ ဘာမှမမှားဘူး!

မျက်နှာမဲ့သည် စူးစမ်းလိုစိတ်ရှိသော်လည်း အလွန်ပရော်ဖက်ရှင်နယ်ဆန်သူမို့ သူ့မေးခွန်းတွေကို ဆက်မမေးတော့ဘဲ တည့်တည့်သာ ပြောလိုက်သည်။

“မင်းကြောင့် အရှင်မင်းကြီးနဲ့ အရှင့်သားရဲ့ ဆက်ဆံရေး ထိခိုက်သွားပြီ။ ဒီလူကို အရေးယူဖို့ အမိန့်ထုတ်ထားတာမို့ စော်ကားမိရင် တောင်းပန်ပါတယ်” ပြောရင်း သူသည် လက်တစ်ဖက်ဖြင့် ဓားကိုဆွဲကိုင်လိုက်ကာ ကျန်တစ်ဖက်တွင် ကြာဖြူအလင်းရှိသော သံကြိုးများက ရှဲ့ကျစ်​ဝေ့ကို ထပ်မံတိုက်ခိုက်လေသည်။

ရှဲ့ကျစ်​ဝေ့ ချင်းဖျင်ဓားကိုထုတ်ရင်း ပြန်ဆုတ်သွားသည်။ မုဟဲနှင့် ကိုးပြည်ထောင်ဘုရင်တို့ကြား စကားပြောဆိုမှု ဘယ်လို​ဖြစ်သွားလဲ သူမသိ။ မျက်နှာမဲ့က သူ့ကို အခုတောင် လိုက်ဖမ်းနေပုံထောက်ရင်...

တကယ်တော့၊ မျက်နှာမဲ့လို ပဲငံပြာရည် ဇာတ်ကောင်များသည် ဇာတ်ကွက်တွင် ပါဝင်မှုများစွာမရှိသောကြောင့် သတ်ပစ်ရင်လည်း ကိစ္စမရှိပေ။ ဒါပေမယ့် ရှဲ့ကျစ်​ဝေ့  ရဲ့ဟောင်သံက ကိုက်တာထက် အမြဲပိုဆိုးသည်ပင်။ သူ့အရင်ဘဝတုန်းက ဒေါသစိတ်တောင် ပါးစပ်နဲ့တင် ရပ်တန့်သွားလိမ့်မည်။ သူသည် အခြားသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခဲလှသည်၊ လူသတ်ဖို့ဆိုတာ ဝေလာဝေး။ သို့သော်၊ ကိုးပြည်ထောင်ဘုရင်သာ သူ့နည်းသူ့ဟန်နဲ့ မျက်နှာမဲ့အား သူ့ကို အဆက်မပြတ် နှောင့်ယှက်စေပါက၊ ဒီနေ့မုဟဲကို အတုခိုးရင် မနက်ဖြန်ဘယ်သူအဖြစ် ဟန်ဆောင်မလဲဆိုတာ ဘယ်သူသိမှာလဲ? တစ်ရက်မှာသူ့ကို မခွဲနိုင်တော့ဘူးဆိုရင်ရော? တကယ့်ကို ဒုက္ခပေးလိမ့်မည်။

မျက်နှာမဲ့ဆီ အကြိမ်ပေါင်းများစွာ ပြန်လည်တိုက်ခိုက်​​နေစဉ်တွင် ရှဲ့ကျစ်​ဝေ့၏ အတွေးများ လွင့်ပျံသွားသည်။ ဒါပေမယ့် တစ်ဖက်ကတော့ သူ့အမူအရာကို လုံးဝသဘောမပေါက်ဘဲ အနားဆက်ကပ်လာကာ သူ့ခန္ဓာကိုယ်ကို သံကြိုးတွေနဲ့ ချည်နှောင်ဖို့ပဲ ကြိုးစားနေခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now