Ch.(44) ချိန်းဆိုခြင်း / ချိန်းဆိုခြင်း

2.9K 469 11
                                    

Unicode

ရှေ့က ဝံပုလွေ၊ နောက်က ကျား၊ အလယ်မှာ ဇာတ်လိုက်ကိုလည်း ကြောက်နေရသေးတယ်။

မုဟဲလည်း ထိတ်လန့်သွားသည်။  သူ့ပါးစပ်ထဲရှိ ပုဇွန်နှင့်အတူ ငါးအရသာက အန်မိလုနီးပါး ဖြစ်သွားသည်။ ဤဘဝတွင် မုဟဲသည် ငါးနှင့်ပုစွန်နှင့် ဓါတ်မတည့်ကြောင်း မပြောခဲ့သည့်အတွက် ရှဲ့ကျစ်ဝေ့သည် သူ၏ ထိတ်လန့်မှုကို မပြနိုင်ပေ။ မုဟဲမရုန်းကန်မီ ပုစွန်ကို ဆွဲထုတ်ပြီး နောင်တရနေပုံရသည်။ “ဆရာသတိလွတ်သွားတာပဲ၊ အရမ်းပူသေးတယ်၊ ​​မင်းအဲဒါကိုဖယ်ပြီး တစ်ယောက်တည်း ဖြည်းဖြည်းစားတာ ပိုကောင်းပါတယ်။"

မုဟဲက စိတ်လျှော့လိုက်ပြီး ပုဇွန်ကို ယူလိုက်ရင်း သူ့နှုတ်ခမ်းတွေ နည်းနည်းလှုပ်သွားသည်။ "ဟုတ်ကဲ့ရှစ်စွမ်း"

ချုကျစ်ရှစ်က တစ်ဖက်က ခရုအသားကို ကောက်နေသည်။ ​​"အာ့ရှစ်ရှုန်းက ဘာလို့အသေးစိတ်ကအစ လိုက်ဂရုစိုက်နေရတာလဲ? ဒီကိုမလာရင် ကျွန်တော်အကုန်စားလိုက်မှာနော်။"

သူသည် ကျယ်လောင်စွာ ကြားဝင်ပြောဆိုလိုက်ရာ မုဟဲနှင့် ဆန့်ကျင်နေကြောင်း ထင်ရှားသည်။ ရှဲ့ကျစ်ဝေ့က ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ ယနေ့တွင် ဇာတ်လိုက်သည် ထူးထူးခြားခြား ခေါင်းမာပြီး ချုကျစ်ရှစ်သည်လည်း ဆူးများထုတ်နေသည်။ သူတို့ဘာတွေဖြစ်နေတာလဲ? ဆယ်ကျော်သက်သည် ရုတ်တရက် သူ့ပါးစပ်ကို ဖုံးကာ ထွက်သွားသောအခါတွင် မုဟဲ၏တုံ့ပြန်မှုကို ကြည့်တော့မလို့ဖြစ်သည်။

ခေါင်းရှုပ်သွားကာ ရှဲ့ကျစ်ဝေ့က ချုကျစ်ရှစ်ဘက်လှည့်ပြီး "မင်းစားချင်ရင် စားလိုက်ပေါ့"  ထို့နောက် မုဟဲကိုနောက်ပြေးလိုက်သွားပြီး လက်ကိုလှမ်းကိုင်လိုက်သည်။  "ဘာဖြစ်လို့လဲ?"

မုဟဲကရှောင်ဖို့ နောက်ကျနေပြီမို့ သူ့ရဲ့နှုတ်ခမ်းတွေ အနည်းငယ်နီပြီး ရောင်ရမ်းနေတာကို ရှဲ့ကျစ်ဝေ့၏ မျက်လုံးတွေက တွေ့လိုက်ရသည်။ ရှဲ့ကျစ်ဝေ့ ထိန့်လန့်သွားသည်_ 'မဖြစ်နိုင်တာ၊ ဇာတ်လိုက်ကအဲ့လောက် အထိမခံတာလား? ပုဇွန်က သူ့နှုတ်ခမ်း​လေးကို ထိရုံနဲ့ ရောင်နေပြီလား?'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now