Ch.(133) အသေတိုက်ပွဲ / အေသတိုက္ပြဲ

1.7K 313 4
                                    

Unicode

မင်းတစ်ယောက်တည်းသာ...။

ယင်စန်းရှန်း၏စိတ်သည် ဤအခိုက်အတန့်တွင် ပြန်ပေါ်လာပုံပင်။ သူ့မျက်လုံးများ နီရဲနေသော်လည်း သတိရှိသေးကာ စကားပြောနေတုန်း ကျောက်တုံးကို ကောင်းကောင်းပိတ်ဆို့ရန် လှုပ်ရှားသွားသည်။ ရေတွင်းဆီသို့ စူးစူးစိုက်စိုက်ကြည့်ရင်း ရှဲ့ကျစ်ဝေ့၏ မျက်ခုံးများကျုံ့သွားခဲ့သည်။

ဘာလို့ဆိုအဲ့နေရာကနေ သူ့မိုးမခအကိုင်းအခက်ကို အာရုံခံမိနေလို့ပဲ!

သူချင်းဖျင်ဓားကို ပုတ်လိုက်ပြီး ဓားရိုးမှ ကြာပန်းအရွက်များ ပွင့်လာတော့သည်။ ၎င်း၏ အစိမ်းရောင်အလင်းတန်းသည် မိုးဖွဲဖွဲလေးကဲ့သို့ ပါးလွှာပေမယ့် ထူထပ်ကာ ယင်စန်းရှန်းဘက်သို့ ပစ်ခတ်သွားကြသည်။ အချိန်ကျပ်နေတာနဲ့ သူမတိုက်ချင်တော့ဘဲ ရေတွင်းထဲဆင်းဖို့ လမ်းကြောင်းတစ်ခုကိုသာ ဖောက်လိုက်ချင်ပေသည်။ ဒါပေမယ့် ယင်စန်းရှန်းစိတ်မှန်နေတဲ့အချိန်မှာ ရင်ဆိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကြာနီသည် ကြီးမားသော ပွင့်ခတ်များဖြင့် သူ့ပတ်ဝန်းကျင်တွင် ပွင့်ဟနေပြီး တိုက်ခိုက်လာသော အစိမ်းရောင်အလင်းကို ရှောင်ဖယ်ရန် သူ့ကိုရစ်ပတ်ပေးထားသောကြောင့် ၎င်းတို့မှာခုန်ပေါက်ကာ ပတ်ပတ်လည်ရှိ ကျောက်တုံးများနှင့် မြက်ခြောက်များကို ထိမှန်ပြီး အပျက်အစီးများ လေထဲသို့ ပျံတက်သွားကြ၏။

ယင်စန်းရှန်းက သူ့ကို စိုက်ကြည့်နေသည်။ "ရှဲ့အကြီးအကဲ၊ မင်းရဲ့လက်ဖဝါးနဲ့ ငါ့ကိုနှိုးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမှာပဲ။ ငါသူ့ကို ဒီရေတွင်းထဲ နေရာချိန်းထားတာတောင် မင်းရှာတွေ့နိုင်တုန်းပဲ။ တကယ်ကို ဆရာနဲ့တပည့်ကြားက ချစ်ခြင်းမေတ္တာက နက်နဲတာပဲအာ။ ဒါပေမယ့် မုဟဲကတော့ ဆီမပါတဲ့ ခွက်လိုဖြစ်နေပြီ။ မကြာခင် သူ့ခန္ဓာကိုယ်ပေါ်က ကြာဖြူရော ကြာနက်ရောက ငါ့အပိုင်ဖြစ်လာတော့မှာ!”

"အရမ်းစောလွန်းသေးတယ်" ရှဲ့ကျစ်ဝေ့က ဘာမှမထူးခြား။

“တကယ်” ယင်စန်းရှန်းသည် ကျေနပ်အားရ​နေသော်လည်း လုံးဝမသတိလျှော့သွား။ "အရင်က မင်းကိုငါမသတ်ချင်ပေမယ့် မင်းကငါ့ကိုလိမ်ညာပြီး ဒီအထိလိုက်လာမှတော့ မင်းအသက်ကို ယူရုံပဲရှိတော့တာပေါ့...ဟမ်? မင်းလည်ပင်းမှာ ဘာကြီးလဲ?"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now