Ch.(32) အကြွေးရှင်းခြင်း / အကြွေးရှင်းခြင်း

3.1K 572 19
                                    

Unicode

အခန်းလေးအရင် အဆုံးသတ်ပါရစေအုံး၊ ပြီးမှ ဒီဂေးအိုကြီးနဲ့စာရင်းရှင်းပစ်မယ်။


"ဘယ်နေရာနေလို့မကောင်းလို့လဲ"  ရှဲ့ကျစ်ဝေ့က မေးသည်။

မုဟဲသည် ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။ သူဘာတွေတွေးနေတယ်ဆိုတာ မသိပေမယ့် သူစိတ်အခြေအနေမကောင်းတာထင်ရှားသည်။ ရှဲ့ကျစ်ဝေ့ မကျေမနပ်ဖြစ်မိသည်။  'သူဘာလို့ ပင်ပန်းနေရတာလဲ။  ပုံရိပ်ယောင်ဖန်တီးတာက မင်ခုန်းရဲ့ဝိညာဉ်ရေးစွမ်းအင်ကိုပဲ အဓိကသုံးတာကို။'

'ဟုတ်သား၊ နဉ့်ထင်က သူ့ခေါင်းထဲမှာပဲ။ ရှန်ယို့ ပြိုလဲသွားတာကို မြင်လိုက်ရတော့ ရူးသွားလောက်တယ်။'

တကယ်ကို ခံနိုင်ရည်ရှိဖို့ ခက်ပါတယ်။

ဒါပေမယ့် အဝတ်အစားတွေ ရွှဲရွှဲစိုနေတဲ့ မင်ခုန်းထက် အဆတစ်ရာ ပိုကောင်းနေပါသေးသည်။ ရှဲ့ကျစ်ဝေ့သည် သူ့တော့သွားပြီဟု တွေးလိုက်သောအခါ ထိုသူ၏မျက်လုံးများ မဖွင့်မီတွင် နဖူးတွန့်သွားသည်။

“မင်းရဲ့ တပည့်ကတကယ်ကို ဘယ်လိုလူမျိုးလဲ” လို့ ပြောခဲ့သည်။

ရှဲ့ကျစ်ဝေ့သည် လောလောဆယ်တွင် ဝိညာဉ်စွမ်းအင်များကို မုဟဲသို့ လက်တစ်ဖက်တည်းဖြင့် ဖြန့်ဝေနေပြီး စကားလုံးများကို တည့်တည့်မတ်မတ်ပြောနေသည်။  "ဂိုဏ်းခေါင်းဆောင် ရှန်အတွက် တရားမျှတမှုရှာဖွေဖို့ လာသူတစ်ဦးပါ။"

ရှန်ယို့သည် နေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။  ယခု သူ့တွင် ဝိညာဉ်စွမ်းအားမရှိသောကြောင့် အေးမြသော ညလေက အပြန်ပြန်အလှန်လှန် တိုက်ခတ်လာသဖြင့် သူ့အသားအရေကို ဖြူဝင်းလာစေသည်။  ညှပ်ရိုးနှင့် ပခုံးပေါ်မှ အမှတ်များပင်ပို၍ ထင်ရှားပေါ်လွင်သည်။

မင်ခုန်းသည် သူ့အား လှည့်ကြည့်ရန် ခွန်အားအားလုံးကို အသုံးပြုထားပုံရသည်။  "ရှဲ့အကြီးအကဲ၊ မင်းလည်းအတိတ်မှာဖြစ်ပျက်ခဲ့တာတွေကို အားလုံးမြင်ရမယ်လို့ ငါမျှော်လင့်ပါတယ်။" ကြိုးအဆုံးရောက်နေတာတောင်၊ သူ့မျက်နှာအစစ်အမှန် ဖော်ထုတ်ခံလိုက်ရတာတောင်၊ ရှန်ယို့ကိုကြည့်တဲ့ သူ့ရဲ့အကြည့်တွေက အတူတူပါပဲ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now