Ch.(34) မကောင်းမှုအကျိုးဆက် / မေကာင္းမႈအက်ိဳးဆက္

3.2K 600 36
                                    

Unicode

သူကပြောတယ်၊ “လန်ရှို့ကိုကယ်ပေးပါတဲ့။"



မင်ခုန်း၏ အော်ဟစ်သံသည် မကျယ်လောင်သော်လည်း၊ အလွန်ပြင်းထန်စွာပင် ၎င်းတို့သည် လူသားသံကို မတူတော့ပေ။ ရှဲ့ကျစ်ဝေ့သည် အနက်ရောင် မြူခိုးများထဲတွင် သူ့ကိုပင် မမြင်နိုင်။ သူသည် အထဲတွင် လှုပ်ယမ်းနေသည့်ပုံသဏ္ဍာန်ကိုသာမြင်ရပြီး ၎င်း၏ အော်ဟစ်သံများ နိမ့်ဆင်းလာသည်နှင့်အမျှ ၎င်း၏လှုပ်ရှားမှုများလည်း အားနည်းလာသည်။

နဉ့်ထင်သည် မကြားချင်ယောင်ဆောင်ကာ ရှန်ယို့ရှေ့မှာ ငုတ်တုတ်ထိုင်လျက် မျောနေသော ကျောက်တုံးကဲ့သို့ ကြောင်တက်တက်ဖြင့် သူ(SY)၏ခေါင်းကို ဖက်ထားသည်။

မင်ခုန်း ကနောက်ဆုံးတော့ ထစ်ငေါ့ကာ အသံထွက်လာသည်။ “ရှဲ့အကြီးအကဲ၊ ငါ့မှာ နောက်ဆုံးလျှို့ဝှက်ချက်တစ်ခုရှိတယ်… မင်းကိုပြောပြချင်ပါတယ်…”

ရှဲ့ကျစ်ဝေ့ တောင့်သွားသည်။  "ဟင်?  ငါ?"  'ဒါနောက်ဆုံးဆန္ဒနဲ့ သေတမ်းစာများလား။  ဒါပေမယ့်ငါတို့က ဆိုင်မှမဆိုင်တာ။ ဘာအမွေမှလာမပေးနဲ့ ဟျောင့်။'

“ရှစ်စွမ်း၊ ထောင်ချောက်သတိထားပါ” မုဟဲက စိုးရိမ်စွာပြောသည်။

ရှဲ့ကျစ်ဝေ့ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။  သူသည် အခြေအနေကို ဆက်လက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သော်လည်း မင်ခုန်းကမရမက ဆက်ပြောနေသေးသည်။ “လူတစ်ယောက်က မသေခင်မှာပဲ စကားကောင်းကောင်းပြောတတ်တယ်တဲ့…ရှဲ့အကြီးအကဲ….မင်းက ကြင်နာတတ်တယ်လို့ ကြားတာ… သေခါနီးလူရဲ့ ဆန္ဒကိုတောင် မဖြည့်ဆည်းပေးချင်ဘူးလား”

'ဒါ မင်းကဘယ်လိုသေခါနီးလူဆိုတဲ့အပေါ်လည်း မူတည်တယ်လေ။ ရှန်ယို့မင်းကိုမကယ်ခင်က မင်းကအနိုင်ကျင့်ခံရပြီး ငတ်သေလုနီးပါးဖြစ်နေတာလေ၊ ပြီးတော့ သူဘာဖြစ်သွားလဲပဲကြည့်။'

ရှဲ့ကျစ်ဝေ့က မတုန်လှုပ်။

"ရှဲ့အကြီးအကဲကို...ဒဏ္ဍာရီတွေထဲကနေ...တခြားစီဖြစ်မယ်လို့...မထင်ထားဘူး..."

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now