အတွဲ(2) နတ်ဆိုးဂိုဏ်း / အတြဲ(2) နတ္ဆိုးဂိုဏ္း

2.5K 425 8
                                    

Unicode

ကဲအခုဆိုရင်တော့ Master Died Earlyရဲ့ ပထမပိုင်းပြီးသွားပါပြီ။ အတွဲ(1)ရဲ့ ပင်မခေါင်းစဉ်ကတော့ စန်းယွင်ဓားဂိုဏ်းတဲ့၊ ကိုယ်ရေးပေးဖို့ မေ့သွားလို့😅. အခုနောက်ခေါင်းစဉ်ဖြစ်တဲ့ နတ်ဆိုးဂိုဏ်း အတွဲမစခင် အတွဲ(1)မှာတွေ့ခဲ့ရတဲ့ ဇာတ်ကောင်တွေအကြောင်း အတိုချုံ့ပေးထားပါတယ်။

-နောက်အတွဲကစပြီး ယူဂျင်းဂိုဏ်းကို ယုကျင်းဂိုဏ်းလို့ သုံးသွားပါမယ်။ အနောက်ကဟာလေးတွေကိုလည်း အားရင်ပြင်ပေးပါ့မယ်နော်။ အမှားပြင်ပေးတဲ့ အမကိုလည်း ကျေးဇူးတင်ပါတယ်လို့😘

ရှဲ့ကျစ် (ခေါ်) ရှဲ့ကျစ်ဝေ့(Xie ZhiWei)- ဝတ္ထုထဲ ကူးပြောင်းလာပြီး မုဟဲ၏ဆရာဖြစ်သူ၊ မသေမျိုးတစ်ဝက်၊ ထိပ်သီးမြို့အရှင်၊ မသေမျိုးအကြီးအကဲ၊
ပိုင်ဆိုင်သောလက်နက်- ချင်းဖျင်ဓား။(ယခု မုဟဲအားပေး)

မုဟဲ(Mu He)- ဝတ္ထုဇာတ်လိုက်၊ ရှဲ့ကျစ်ဝေ့ရဲ့တပည့်
ပိုင်ဆိုင်သောလက်နက်- ကြာဖြူ၊ ကြာနက်။

ထန်ထိုက်မုံ့(Tang TaiMeng)- မူရင်းဝတ္ထုမှ မုဟဲ၏ haremထဲကတစ်ယောက်၊ အခုတော့ ပျောက်နေ...

ချုကျစ်ရှစ်(Chu Zhishi)- ရှဲ့ကျစ်ဝေ့ရဲ့ အငယ်ဆုံး ဂိုဏ်းတူညီ (ရှစ်သိ)
ပိုင်ဆိုင်သောလက်နက်- လင်ခုန်းတောင်မွှေး၊ မိုးကြိုးဓားရှည်။

ရန်ကျစ်ဖေး(Yan ZhiFei)- ယုကျင်းဂိုဏ်းခေါင်းဆောင်၊ ရှဲ့ကျစ်ဝေ့၏ အကြီးဆုံးဂိုဏ်းတူအကို (ရှစ်ရှုန်း)၊ ကောင်းကင်နေမြို့ရဲ့ မြို့အရှင်
ပိုင်ဆိုင်သောလက်နက်- ထိုက်ဆုဓား

ရှကျစ်ချီ(Xia Zhichi)- ရှဲ့ကျစ်ဝေ့၏ ဂိုဏ်းတူညီမ၊ (သုံးယောက်မြောက်)၊ ကမ္ဘာမြေလမြို့ရဲ့ မြို့အရှင်
ပိုင်ဆိုင်သောလက်နက်- ယူပင်းဓား

ပိုင်ကျန့်ကျူး(Bai ZhangZhu)- ရှဲ့ကျစ်ဝေ့၏ ဂိုဏ်းတူညီ၊ (လေးယောက်မြောက်) ယခင် ယုကျင်းဂိုဏ်းခေါင်းဆောင်ရဲ့ မျိုးဆက်၊ ဆေးမီးဖိုမြို့ရဲ့ မြို့အရှင်

ပိုင်ယွီ(Bai Yu)- ပိုင်ကျန့်ကျူးရဲ့သား

လုကျန့်ယွင်(Lu ZhangYu)- ပိုင်ကျန့်ကျူးရဲ့တူ၊ အနန္တတအိမ်တော်ရဲ့ သခင်လေး

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now