Ch.(120) အစီအရင် / အစီအရင္

1.5K 267 4
                                    

Unicode

ဒီအန်တီကြီးကို ရင်ထဲထိအောင်လုပ်နိုင်မှ မုဟဲကိုကယ်နိုင်မှာ!

ရှဲ့ကျစ်ဝေ့သည် တစ်ယောက်ယောက်ကို ပြန်ပေးဆွဲပြီး အကျပ်ကိုင်တာမျိုးနှင့် ထိုသို့သော ဇာတ်ရုပ်မျိုးကိုပင် တစ်ခါမျှ မလုပ်ဖူးသောကြောင့် လောလောဆယ်တွင် အလွန်စိတ်လှုပ်ရှားနေတော့သည်။ သို့သော် Gallant Outlaw၏ မကောင်းသောအကြံသည် သူ၏နောက်ဆုံးအားကိုးရာသာဖြစ်သည်။ မုဟဲကြောင့် စွန့်စားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် အိပ်ပျော်ဟန်ဆောင်ပြီး ဖယောင်းတိုင်မီးမှုတ်ပြီးနောက် ထန်ထိုက်မုံ့ကို ထွက်မရှာခင် ဗုဒ္ဓဘာသာဂိုဏ်းဝင်များ အနားယူသည်အထိ ခိုးနားထောင်ခဲ့ရသည်။

သူ ထန်ထိုက်မုံ့ကို ဖမ်းဆီးခေါ်ဆောင်ကာ ဗုဒ္ဓဘာသာဂိုဏ်းနှင့် 10မီတာအကွာသို့ ပျံသန်းသွားခဲ့သည်။ ထို​နေရာတွင် ပုန်းလျှိုးကွယ်လျှိုး ခိုအောင်းရန် သဘာဝလှိုဏ်ဂူတစ်ခုရှိသည်။ သူကတော့ အကျဉ်းချတယ်လို့ခေါ်ပေမယ့် သူမကို နေရန်ဖိတ်ခေါ်ခြင်းနှင့် ပိုတူပေသည်။ အပြစ်ရှိစိတ်ကြောင့် ရှဲ့ကျစ်ဝေ့သည် လူကိုထိန်းထားရန် ဝိညာဉ်စွမ်းအားကိုအသုံးပြုကာ သူမအားတစ်ကြိမ်မျှမထိဘဲ ချင်းဖျင်ဓားပေါ်တွင် ခိုင်ခံ့စွာရပ်ကာ လှိုဏ်ဂူဆီသို့ တည့်မတ်စွာပျံသန်းခဲ့သည်။

သူသည် ဂူဝင်ပေါက်ကို ပိတ်ရန် နယ်နိမိတ်စည်းကို အသုံးပြုကာ ကန့်သတ်ချက်မှော်ကို တတ်နိုင်သမျှ ဖယ်ရှားခဲ့သည်။ ထန်ထိုက်မုံ့သည် အချိန်ခဏလောက် လိုက်လျောညီထွေစွာ မနေနိုင်တော့ဘဲ သူမကိုယ်သူမ တည်ငြိမ်အောင် နံရံကိုမှီထားရသည်။ ထို့နောက် အေးစက်သော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။

ရှဲ့ကျစ်ဝေ့ ၏အကြည့်များ တုန်လှုပ်သွားသည်။ "ထန်မိန်းကလေး၊ ဒီရှဲ့က အရေးတကြီးအခြေအနေအရ ဒီလိုလုပ်ရတာပါ၊ ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်"

ထန်ထိုက်မုံ့သည် သူမ၏ အမူအရာ မပြောင်းလဲဘဲ နောက်သို့ ဆုတ်သွားသည်။ "ဘာလို့ ရှည်ရှည်ဝေးဝေး သွားနေတာလဲ? ရှဲ့အကြီးအကဲ တိုက်ရိုက်ပဲပြောသင့်တယ်"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now