Ch.(125) အနစ်နာခံမှု

1.5K 301 7
                                    

Unicode

မင်းသမီး offlineဖြစ်သွားပြီ....

မျက်စိတစ်မှိတ်အတွင်းမှာ ထန်ထိုက်မုံ့နှင့် ရှဲ့ကျစ်ဝေ့တို့သည် ကျော့ကွင်းထဲတွင် ဝိုင်းရံခံထားကြသည်။ ကောင်မလေးကထိတ်လန့်သွားပြီး ဝိညာဉ်စွမ်းအင်အချို့ကို ပစ်လွှတ်လိုက်သောအခါ မီးပွားများပေါက်ထွက်သွားပြီး နှင်းများမှာအမည်းရောင် အစက်အပြောက်များသို့ ပြောင်းလဲသွားတော့သည်။

“ဒါက…” ထန်ထိုက်မုံ့ အံ့သြသွားသည်။

“အဲဒီနေ့က ငါ့တပည့်ကို ပိတ်မိအောင်လုပ်တဲ့အရာပဲ” ရှဲ့ကျစ်ဝေ့သည် ယင်စန်းရှန်းတစ်ယောက် တံခါးကို အနှေးနှင့်အမြန် လာခေါက်မည်ကို သိသော်လည်း ဒီလောက်မြန်မည် မထင်ထားပါ။ သူဒီကိုသာ တခြားတစ်ခုခုအတွက်လာတာဆိုရင် အကောင်းဆုံးပေမယ့် ရွှေကြာပန်းကိုလုယူဖို့ စီစဉ်နေတယ်ဆိုရင် ထန်ထိုက်မုံ့ ဒီနေ့တော့ ဗုဒ္ဓဘာသာဂိုဏ်းကို ပြန်ရောက်နိုင်တော့မှာမဟုတ်။ ရောက်ခဲ့ရင်တောင် တခြားသူတွေပါ ပါဝင်လာလိမ့်မည်။

ထိုကဲ့သို့ ထိပ်တိုက်ပွဲတွင် အနိုင်ရရန် အခွင့်အလမ်းအနည်းငယ်သာ ရှိသော်လည်း ရှဲ့ကျစ်ဝေ့ လက်မလျှော့ရဲပေ။ သူသည်လည်း ပိုက်ကွန်ကို တိုက်ခိုက်ရန် ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ကို ပေါင်းစည်းခဲ့သည်။ သူ၏စွမ်းအားသည် ထန်ထိုက်မုံ့ထက်သာလွန်သောကြောင့် သူမ၏တိုက်ခိုက်မှုနှင့် အရွယ်အစား တူညီသော်လည်း ပိုက်ကွန်ကိုအမှန်တကယ် လှုပ်ခတ်စေခဲ့သည်။ နှင်းများပေါ်တွင် မှင်အစွန်းအထင်းများကဲ့သို့ မီးပွားအစအနများ ကျဆင်းနေချိန်တွင် အနီရောင်နက်မှောင်သောအလင်းရောင်သည် နှိုးဆွမိပုံရပြီး အနည်းငယ်တင်းကျပ်လာသည်။

ထန်ထိုက်မုံ့က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း "တကယ်ကို နောက်ကွယ်မှာ ကျွမ်းကျင်တဲ့ ဆရာတစ်ယောက်ရှိနေတာပဲ၊ ဒါပေမယ့် ဒီနေ့လည်း ရှဲ့အကြီးအကဲကို ပစ်မှတ်ထားနေတာလား?"

ရှဲ့ကျစ်ဝေ့က မငြင်းဘဲ အသံထုတ်လိုက်သည်။ "ယင်ဘုရင်ရောက်နေပြီဆိုမှတော့ ဘာလို့ကိုယ်ထင်မပြတာလဲ?"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now