Ch.(47) ထိပ်တိုက်ပွဲ / ထိပ္တိုက္ပြဲ

2.5K 472 0
                                    

Unicode

ယနေ့ ထိပ်သီးမြို့သည် ရှဲ့ကျစ်ဝေ့ ၏စင်မြင့်ဖြစ်သည်။


(T/N: ကဲ Season 1ပြီးရန် ၂ပိုင်းသာလိုပါတော့သည်။ ဟိဟိ)

'ကြည့်ရတာငါ့မှာ အဓိကဇာတ်ကွက်အချို့ ပေါ်လာပုံပဲ။'

ဒါက ဝတ္ထုထဲမှာအလန်းစားပြဖို့ သူ့ရဲ့တစ်ခုတည်းသောအခွင့်အရေးဖြစ်နိုင်တာကြောင့် ရှဲ့ကျစ်ဝေ့က လက်မလျှော့ရဲတော့ပေ။ သူသည် ပြုံးပြရင်း အာရုံစူးစိုက်မှု 120% ထားလိုက်သည်။ "တကယ်တော့ ငါကအဲ့ရှဲ့ပါပဲ။"

ဖြောင့်မတ်သော ဂိုဏ်းဝင်ကလူတိုင်း ပြိုလဲသည်ဖြစ်စေ၊ အားနည်းနေကြသဖြင့် သူကသာ တောက်ပနေသော ကြယ်လေးဖြစ်သည်။

'အို၊ ဟုတ်သား ပြီးတော့ငါ့ဘေးနားမှာ နည်းနည်းကြောင်နေပုံပေါက်တဲ့ မုဟဲလည်း ရှိသေးတာပဲ။'

အမှန်တကယ်တော့ မုဟဲကို ကြာဖြူနဲ့ကြာနက် ပိုင်ဆိုင်ထားသည့် ကမ္ဘာ့ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေမယ့် ဒီလိုထူးဆန်းပြီး ဒဏ္ဍာရီဆန်တဲ့လူနဲ့ ရုတ်တရက်ရင်ဆိုင်လိုက်ရတဲ့အခါ နားမလည်နိုင်တဲ့ ဖိအားကို ခံစားမိနေတုန်းပါပဲ။

ဒါသူ့ရဲ့ပထမဆုံးအကြိမ်ပင်။

ရှဲ့ကျစ်ဝေ့သည် ကမ္ဘာ့အဆင့်မီ ကျင့်ကြံသူ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူသည်အခြားသူများကို ဖိအားပေးရန် သူ၏ခွန်အားကို မည်သည့်အခါမှ မသုံးခဲ့ပါ။ ဒီလူထူးဆန်းက သူ့ရဲ့ ရောင်ဝါကို အပြည့်အဝထုတ်ဖော်နေသည်။  တစ်စုံတစ်ခုကို ခံစားမိသွားဟန်ဖြင့် နတ်ဆိုးဘုရင်ချီယန်က စဉ်းစားနေသော မုဟဲကို ကြည့်လိုက်သည်။

ရုတ်တရက် ဖိအားတွေ တိုးလာသည်။

မုဟဲသည် အချိန်မီပင် အကြည့်မလွှဲနိုင်ခဲ့။ ရှဲ့ကျစ်ဝေ့က သူ့ကို နောက်ကိုဆွဲလိုက်ပြီး တကယ်တော့ လေပေါ်တင်လိုက်တာဖြစ်သည်။ “မရိုမသေမလုပ်ရဘူးလေ။ ဘာလို့ နတ်ဆိုးဘုရင်ကို စိုက်ကြည့်နေတာလဲ။"

မုဟဲက သူ့ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ခေါင်းညိမ့်ပြလိုက်သည်။  “တပည့်က ဒီအတိုင်း…”

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now