Ch.(99) ရေခဲငါးကြင်း / ေရခဲငါးၾကင္း

2K 373 6
                                    

Unicode

"ခုနက ငါမင်းကိုကျွေးလိုက်တာ မြောက်ပင်လယ်က ရေခဲငါးကြင်းပဲ"

အပြောင်းအလဲတွေက ရုတ်တရက်မို့ ရှဲ့ကျစ်ဝေ့ သူ့အမှားလို့ ခံစားလိုက်ရသည်။ သူသည် မုဟဲဘယ်လိုလူမျိုးလဲဆိုတာ အခြားသူများထက် ပိုသိသည်။ ဒါပေမယ့်လည်း ခဏပြီးခဏ သူ့(မုဟဲ)ရဲ့ အားနည်းပြီး ထိခိုက်လွယ်တဲ့ပုံစံကြောင့် မျက်စိကန်းခဲ့ရသည်။

'အင်း...တကယ်မျက်စိကန်းတာတော့ မဟုတ်ဘူး။ မုဟဲက တကယ်ကို အားနည်းပြီး ထိခိုက်လွယ်တာ' ဒါပေမယ့်လည်း မုဟဲက ရက်စက်ပြီး အဆိပ်ပြင်းတာတော့ အမှန်ပါပဲ။ ဤနေရာတွင် လွဲမှားမှုမရှိပါ။ အသားစားပြီး သွေးသောက်တတ်တဲ့ ကျားသစ်တွေတောင် ချစ်စရာကောင်းတဲ့ အပြုအမူတွေ ရှိခဲ့ဖူးလေသည်။

ရှဲ့ကျစ်ဝေ့ ငိုမဲ့မဲ့ ပြုံးလိုက်သည်။

သူ့ "သူငယ်ချင်းဟောင်း" ယင်ဝူရွှမ်းတစ်ယောက် ပါးစပ်ယားပြီး အစဖော်မိတာကို ကျေးဇူးတင်ရမည်ပင်။ မဟုတ်ရင် ဒိန်ခဲနဲ့မုံ့မုံ့ကို ချန်ထားရင်းနဲ့ သူထွက်သွားမိလိမ့်မည်။

'အခြေအနေကို စုံစမ်းဖို့ လွှတ်ပေးဟန်ဆောင်ပြီး ပြန်ဖမ်းပြီးတော့ ပြင်းပြင်းထန်ထန် ထပ်နှိပ်စက်တယ်—ဇာတ်လိုက် တကယ်ကို ဒီပုံစံအတိုင်း လုပ်နိုင်စွမ်းရှိတာပဲ'

အကယ်၍ ဤအရာသည် အတိတ်သာဆိုလျှင် ရှဲ့ကျစ်ဝေ့ မည်သည့်အခါမှ အလွယ်တကူ ထွက်သွားမည်မဟုတ်သလို ဇာတ်လိုက်အပေါ် စိတ်ချယုံကြည်မှာလည်း မဟုတ်ပေ။ အဆုံးတွင်၊ မုဟဲ သူ့ကိုဝန်ခံပြီးနောက် သူ(XZW)၏အဆင့်ကို စေ့စေ့စပ်စပ် မွှေနှောက်သွားခဲ့သည်။ ဇာတ်လိုက်က သူ့ဘာသာသူ ပြန်ရောက်လာသည်ကို လုံးဝ ဝမ်းသာသွားခဲ့သည်။ အဲ့လိုမှမဟုတ်ရင်....မျက်နှာမဲ့၏ လက်ထဲမှ သံကြိုးများသည် သူ့အတွက်သာ ပြင်ဆင်ထားသည်ပင်။ ရှဲ့ကျစ်ဝေ့ နောက်ထပ်ပြဿနာကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်- သူနှင့် မုဟဲကြားက အဓိကပြဿနာမှာ ဇာတ်လိုက်၏ နူးညံ့သောခံစားချက်မဟုတ်ဘဲ မူလ ရှဲ့ကျစ်ဝေ့နှင့် မုဟဲ​တို့၏ အခြေခံကျသော ပဋိပက္ခဖြစ်သည်။ သူ ၎င်းတို့အား ယခင်ပဲငံပြာရည်ဇာတ်ကောင်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်- မူလ ရှဲ့ကျစ်ဝေ့သည် ရှန်ယို့ထက်ပို ကြင်နာတတ်သောသူဖြစ်ပြီး မုဟဲသည် မင်ခုန်းထက် ပိုရက်စက်သောသူဖြစ်သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now