Ch.(131) ဂိမ်းအဆုံးသတ် /ဂိမ္းအဆုံးသတ္

1.6K 278 2
                                    

Unicode

"ဆရာလာပြီ"

ရှဲ့ကျစ်ဝေ့ မျက်နှာပြင်ကိုပိတ်ရန် ခဏတာမေ့သွားခဲ့သည်။ အဲ့အချိန်တုန်းက မုဟဲ၏ အတုအယောင်ရောဂါမှာ မည်မျှပြင်းထန်သည်ကို ကောင်းစွာမသိခဲ့ရသလို တစ်ဖက်သား၏ခံစားချက်များအပေါ်လည်း ဂရုမစိုက်ခဲ့မိကြောင်း ရုတ်တရက် သူသတိရမိသွားသည်။ ထိုကာလသည် သူ(မုဟဲ)အပေါ် အအေးစက်ဆုံးနှင့် အဆိုးဆုံးအချိန်ပင်။

ဒါပေမယ့် မုဟဲကတော့ သူ့ရှစ်စွမ်းကို သဘောကျနေဆဲပါတဲ့။

ထိုခံစားချက်များသည် သုံးရက်သုံးညကြာ အဖြစ်အပျက်အပြီးတွင် မုဟဲအား ပန်းလိုစကားများဖြင့် ချော့လိုက်သောအခါနှင့် မခြား​ပေ...ထိုအချိန်မှစ၍ ရှဲ့ကျစ်ဝေ့ ဘာလုပ်လုပ် မုဟဲမှာမယိမ်းယိုင်သွားခဲ့။

ရှဲ့ကျစ်ဝေ့သည် ဒေါသကြီးသော်လည်း သူ့ပုံရိပ်ကိုတော့ အလွန်သတိထားသည်။ ထို့ကြောင့် သူ၏အရင်ဘဝတွင် အခြားသူများနှင့် နက်ရှိုင်းသောဆက်ဆံရေးရှိခြင်းကို မကြိုက်ပေ။ နောက်ဆုံးတွင် သူသည် လူအများ၏အမြင်တွင် အနားကပ်မရသော ရုပ်ရှင်ဧကရာဇ်ဖြစ်လာခဲ့သည်။ ၎င်းသည် သူ့အတွက် ဒုက္ခများစွာကို ရှောင်ရှားရန် ကူညီပေးခဲ့သော်လည်း ဤကမ္ဘာတွင် လူသားတစ်ဦးရှိသင့်သည့် အရာများစွာကိုလည်း ဆုံးရှုံးခဲ့ရပေသည်။

ဒီဝတ္ထုထဲကို ကူးပြောင်းလာလို့ တကယ်အကျိုးအမြတ်ရသွားတဲ့သူက ဘယ်သူလဲ?

မုဟဲ၏ရုပ်ပုံသည် အထူးပြုလုပ်ချက်များကဲ့သို့ မှုန်ဝါးကာ ကြိုးကြားကြိုးကြား မှေးမှိန်မသွားမီ စခရင်ပေါ်ရှိ ပုံများမှာ အဆုံးထိပြသသွားခဲ့သည်။ ထို့နောက် အေးစက်သော စနစ်မျက်နှာပြင်က အစားထိုးလာခဲ့သည်။

ရှဲ့ကျစ်ဝေ့က သူ့ကိုယ်သူ ရေရွတ်နေသေးသည်။ "မကောင်းဘူး၊ လုံးဝမကောင်းဘူး"

Gallant Outlawက “ဘာမကောင်းတာလဲ? ဇာတ်လိုက်ရဲ့ လုပ်ရပ်လား?"

ရှဲ့ကျစ်ဝေ့က မငြင်းဘဲ ခေတ္တရပ်လိုက်ပြီး "အစမ်းရွေးထားတာကို အချိန်မရွေး ပြောင်းလို့ရလား?" ဟု မေးခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now