Ch.(60) လုပ်ကြံမှု / လုပ္ႀကံမႈ

2.3K 471 2
                                    

Unicode

မင်းသမီးက တကယ်ကိုလန်းပြီး သတ္တိကောင်းတာပဲ။



အရေးကြီးတဲ့ ပုဂ္ဂိုလ်နှစ်ဦး...

ရှဲ့ကျစ်ဝေ့သည် သူ့လက်ချောင်းထိပ်တွင် တွက်ချက်ပြီး အနည်းနှင့်အများ မှန်းဆထားသည်။ ဇာတ်လိုက်ရဲ့ ရွှေရောင်လမ်းစက စတင်နေပြီ ဖြစ်သောကြောင့် သူ၏စာရင်းတွင် ပထမဆုံးမှာ ပိုင်သားအဖကို ပြန်ထိုးနှက်ရန်ဖြစ်သည်။ သို့သော် ချုံးကျိုးယွင်နှင့် နောက်ဆုံးနှုတ်ဆက်ခြင်းမှာ လျင်မြန်စွာ ဖြစ်ပျက်ခဲ့ပြီး မုဟဲနှင့် သူမ၏ ဆက်ဆံရေး မည်မျှ ဝေးကွာသွားသည်ကို မေးမြန်းရန် အချိန်မရှိပေ။ ဝတ္ထုထဲကလို ပိုင်ယွီကို မိတ်ဖွဲ့ပြီး မုဟဲနဲ့အတူ ညှဉ်းပန်းနှိပ်စက်ဖို့ ပေါ်လာမှာလား? ဒီလို စိတ်လှုပ်ရှားစရာ မြင်ကွင်းတွေကို လူကိုယ်တိုင် မြင်တွေ့ရတာကောင်းသည်။

(T/N: Bingooo ပိုင်သားအဖပါ🎉)

ဒါပေမယ့် ရှဲ့ကျစ်ဝေ့က မုဟဲဆီကို မချဉ်းကပ်ရဲပေ။ လုပ်ခဲ့ရင်တောင် အကျိုးအမြတ်တစ်ခုခု ပေးရမည်။

ပြောရရင် ရွှေကြာပန်းလိုပေါ့?

ရှဲ့ကျစ်ဝေ့သည် တိတ်တဆိတ် သက်ပြင်းမချမီ ထန်ထိုက်မုံ့ကို ကြည့်လိုက်သည်။

'မင်းသမီးနဲ့လည်း သွားရှုပ်လို့မရဘူး။ ဒီမကောင်းတဲ့ဇာတ်လမ်းက ဘယ်မှာအဆုံးသတ်မယ်ဆိုတာ ဘယ်သူသိမှာလဲ? ငါသူ့ကို မတော်တဆ စိတ်ကွက်အောင်လုပ်မိရင် ဇာတ်လိုက်ရဲ့ မျက်နှာသာပေးခံရတဲ့ တစ်နေ့မှာ ငါ့ကိုပြန် ဒုက္ခပေးနေအုံးမယ်။'

အခြေအနေကို ရက်အနည်းငယ်လောက် စောင့်ကြည့်တာက ပိုကောင်းပါသည်။

-

မထင်မှတ်ပဲ လှည့်ကွက်တစ်ခုကို သူသတိမထားမိခဲ့။

ဒီတစ်​ခါ​တော့ သူ့ကို ပြဿနာအကြိီးကြီးရှာတာပဲ!

သူမအကြောင်းပိုမိုသိရှိရန် တစ်နေ့တွင် ထန်ထိုက်မုံ့နောက်မှခိုးလိုက်ကာ ဗုဒ္ဓဘာသာဂိုဏ်းမှ ထွက်ခွာလာခဲ့သော်လည်း အနောက်တောင်တန်းရှိ နှင်းတောကြီးသို့ မရောက်ခင် တစ်ခုခုဖြစ်ခဲ့သည်။ နေဝင်ချိန်တွင် ထန်ထိုက်မုံ့သည် သူမသွားရာလမ်းကို ပိတ်ဆို့နေသူတစ်ဦးနှင့် ရန်ဖြစ်ခဲ့သည်။ အနီးကပ်ကြည့်လိုက်တော့ တစ်ဖက်လူက တကယ်တော့ ချီယန်ပင်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now