3K 485 5
Unicode
စန်းယွင်ခွေးသွေးဇာတ် (ပထမပိုင်း)
မင်ခုန်းသည် သတိပြန်ဝင်လာပြီး ရှန်ယို့လက် ရုတ်သိမ်းလိုက်သောအခါမှသာ လက်ကိုဆန့်ထုတ်လိုက်သည်။ သူသည် သူ့ပေါင်ပေါ်သို့ လှိမ့်ဆင်းလာသော ငွေချောင်းကိုသာ ထိမိလိုက်ပြီး  သူ့လက်သည် လေထဲတွင် ကိုးရိုးကားရား ရပ်တန့်နေသည်။
ရှဲ့ကျစ်ဝေ့သည် ရှန်ယို့သည် အခြားသူများကို မထီမဲ့မြင်မပြုကြောင်း သေချာသည်မှာ သူသည် သန့်ရှင်းသပ်ရပ်မှုကိုသာ နှစ်သက်သောကြောင့် ၎င်းသည် ပင်ကိုယ်တုံ့ပြန်မှုတစ်ခုသာဖြစ်သည်။ မင်ခုန်းသည် အလွန်ညစ်ပတ်နေပြီး လူပုံမပေါက်တော့ဘဲ သူ့လက်ပေါ်တွင် ထူထပ်စွာ ဖုံးလွှမ်းနေသော အညစ်အကြေးများကို ထိတွေ့ရအောင်ဆို မပြောနဲ့တော့။  သူ့ပေါင်ပေါ်မှ ငွေချောင်းကို ထုတ်ယူပြီး “ကျေးဇူးအများကြီးတင်ပါတယ်” လို့တီးတိုးပြောလိုက်သည်။
ဤငွေများသည် ရှန်ယို့၏ ပိုက်ဆံအိတ်ထဲမှ ပြုတ်ကျရုံသလောက်သာရှိပေမယ့် မင်ခုန်းအတွက်ကတော့ အချိန်ကြာမြင့်စွာ စားသောက်နိုင်သည်။  သူတို့နှစ်ဦး၏ မူလအစမှာ လုံးဝခြားနားသော ကမ္ဘာမှ ဆင်းသက်လာကြသည်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် တစ်နေ့ အတူတူ ရပ်တည်ရမယ်လို့ မထင်ထားခဲ့ပေ။
ရှန်ယို့ ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။  ဒါပေမယ့် သူရိုက်လိုက်တဲ့လူက သွေးတံတွေးတွေကို ထွေးထုတ်ပြီး ခြေထောက်ကိုထောက်ကာ အော်လိုက်သည်။  "နေအုံး!  မင်းဘယ်သူလဲဆိုတာ ပြောရဲလား? လောင်ဇီ မင်းအိမ်ကိုရှင်းပေးဖို့ လူတွေ ခေါ်လာလိုက်မယ်!"
ရှန်ယို့က နောက်ပြန်မလှည့်ဘဲ ရပ်လိုက်သည်—လူကြောင့်မဟုတ်ဘဲ၊ သစ်သားမျက်နှာ၊အနက်ရောင်ဝတ်ရုံပုံရိပ်က ဆန့်ကျင်ဘက်မှ သူ့ဆီလျှောက်လာနေသောကြောင့် ဖြစ်သည်။
“ရှစ်ရှုန်း” ဟုပြောလိုက်သည်။
ရှဲ့ကျစ်ဝေ့ လှည့်ကြည့်လိုက်သည်။  'ယို!၊ ဒီနဉ့်ထင်က အဲဒီတုန်းက ကြည့်ကောင်းတုန်းပါလား။ အရပ် 1.9mရှိပြီး 5.6m ကျယ်ဝန်းတဲ့ ရောင်ဝါကို ဖြာထွက်အောင်လုပ်နိုင်တယ်။ မင်ခုန်းသူ့ကို ကြောက်တာအံ့သြစရာမရှိတော့ဘူး။'
Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now