Ch.(128) တိုက်စစ် / တိုက္စစ္

1.5K 277 10
                                    

Unicode

"ငါလုပ်ချင်လို့လုပ်တာ"

ရှဲ့ကျစ်ဝေ့၏ မျက်နှာမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူ့စာအုပ်ကိုကိုင်ထားသော လက်သည် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။ ပြီးတော့ သူ့နှလုံးသားထဲမှာ ဟိန်းဟောက်နေတော့သည်။ 'သောက်ကျိုးနည်း ဒုတိယမြောက်အကြိမ်ဟ!!! ဒုတိယအကြိမ်ဟေ့!!! မင်းနှမကို ထာဝရလက်တွဲ!! မုဟဲက သူ့ဆန္ဒကို လူတိုင်းကို လိုက်ပြောပြဖို့များ စီစဉ်နေတာလား!?'

'ထုတ်ပြောရင် ဆန္ဒတွေဖြစ်လာမှာ မဟုတ်ဘူးဆိုတာ မသိဘူးလား ချာတိတ်လေးရဲ့!'

'ဒါနဲ့များ အဘိုးကြီးနဲ့ ဆွေးနွေးပြီးသွားပြီလို့ လာကျိန်နေသေးတယ်။ ဟဟ...နောက်ဆုံးတော့ ဘာကိုများသဘောတူခဲ့တာလဲ ချီးပဲ?!'

...ခဏလေး၊ ဒါပေမယ့် ကိုးပြည်ထောင်ဘုရင်က သူ့သားကွေးသွားမှန်း သိတာတောင်ပြဿနာမရှာသေးဘူးလား? ဘုရင်သာ စကားစမပြောရင် ရှဲ့ကျစ်ဝေ့က မုဟဲဗီရိုထဲက ထွက်လာမှန်းဘယ်တော့မှ သိမှာမဟုတ်။ တစ်စက္ကန့်အတွင်း မြင်ကွင်းများစွာသည် ရှဲ့ကျစ်ဝေ့၏စိတ်ထဲတွင် ဖြတ်ကျော်သွားခဲ့သည်။

အပိုင်း 1- ကိုးပြည်ထောင်ဘုရင်က ရွှေ၊ငွေ ကျောက်မျက်ရတနာ သေတ္တာတွေကို ပို့ခိုင်းပြီး “ဒါတွေ ယူသွားပြီး ဒီဘုရင့်သားတော်ရှေ့ နောက်တစ်ခါပေါ်မလာနဲ့တော့”

အပိုင်း 2- ကိုးပြည်ထောင်ဘုရင် ဓားတစ်ချောင်းကို မုန်းတီးမှုတွေအပြည့်နဲ့ ဆွဲထုတ်လိုက်မယ်။ “မင်းကများ ငါ့ဘုရင့်သားတော်ကို မြူဆွယ်ရဲတယ်။ ငရဲကိုသွားလိုက်တော့!"

အပိုင်း ၃- ကိုးပြည်ထောင်ဘုရင် ဘိုးဘွားခန်းမရှေ့မှာ ဒူးထောက်ပြီး မျက်ရည်ကျနေမယ်။ “ဒီဘုရင်က ပလေးဘွိုင်ဖြစ်ပြီး ယောက်ျားတွေကို သဘောကျတဲ့ သားတော်ကိုရလာတယ်။ ဒါဒဏ်ခတ်တာပဲအာ....စမ်းရေကိုးမြစ်အောက်က တော်ဝင်ဘိုးဘေးတွေကို ငါဘယ်လိုမျက်နှာပြရတော့မလဲ?!"

တစ်ခုစီသည် မုန်တိုင်းတစ်ခုဖြစ်ပေါ်ရန် လုံလောက်သော သွေးထွက်သံယိုဒရာမာများထဲမှ ဂန္တဝင်မြင်ကွင်းတစ်ခုဖြစ်သော်လည်း ယင်းတို့အနက်မှ တစ်ခုမျှမဖြစ်ခဲ့ပါ။ ရှဲ့ကျစ်ဝေ့၏ နှလုံးခုန်နှုန်းမြန်ဆန်နေချိန် ကိုးပြည်ထောင်ဘုရင်ကို မှိန်းခနဲငေးကြည့်လိုက်သည်။ အဲဒီလူရဲ့ ဒေါသနဲ့သာဆိုရင် ဟိုးအရင်ထဲက ပေါက်ကွဲခဲ့မှာပင်။ အခုတော့ဒီနေရာကို သက်သက် အဆင်မပြေအောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်နေပုံပါပဲ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now