မိတ်ဆက် + ရှင်းလင်းချက်

1.4K 50 4
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။

   ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယောက်ဖြစ်ခဲ့တဲ့ ဟောင်ရှောင်လုံကတော့ သိုင်းဝိညဉ် ကမ္ဘာကြီးမှာ သိုင်းလောကသားတယောက်အဖြစ်ပြန်လည်မွေးဖွားခဲ့ရုံမက ရှောင်လင်ကျောင်းရဲ့ လျှိဝှက်သိုင်းပညာဖြစ်တဲ့ ခန္ဓာကိုယ်အသွင်ပြောင်းခြင်းသိုင်းကျမ်းကိုပါ မှတ်မိနေခဲ့တယ် ။

      သိုင်းဝိညဉ်ကမ္ဘာကြီးမှာတော့ သိုင်းဝိညဉ်နဲ့ တိုက်ပွဲဝင်ကီစွမ်းအားတွေကို လေ့ကျင့်နိုင်သူတွေသာ သူရဲကောင်းတွေဖြစ်နိုင်ကျတယ်။ ဟောင်ရှောင်လုံဟာလဲ ကောင်းကင်ကိုစိန်ခေါ်နိုင်လောက်အောင်ရှားပါးလွန်းတဲ့ သိုင်ဝိညဉ်နဲ့အတူမွေးဖွားခဲ့ပင်မယ့် မျိုးနွယ်စုရဲ့ ဝိညဉ်နှိုးထပွဲမှာ သူရဲ့သိုင်းဝိညဉ်ကို မှားယွင်းစွာဆုံးဖြတ်ချင်းကိုခံခဲ့ရပြီး မျိုးနွယ်စုရဲ့ လျစ်လျူရှုခြင်းကိုပါ ခံခဲ့ရတယ်။

   ဒါပင်မယ့် ရှောင်လုံရဲ့ မျိုးကွဲသိုင်းဝိညဉ်ဟာ တဖြည်းဖြည်းချင်း မယုံနိုင်လောက်အောင်အစွမ်းထက်လာပြီးတော့ ပြိုင်ဘက်တွေကိုအဆင့်ဆင့်ကျော်ဖြတ်နိုင်ခဲ့ရုံမက မျိုးနွယ်စုကိုရော သိုင်းဝိညဉ်လောကကြီးတခုလုံးကိုပါ တုန်လှုပ်ခြောက်ခြားစေခဲ့ပါတော့သည်

ဒါလေးကတော့ ကျွန်တော်အခုဘာသာပြန်ချင်တဲ့ ပြိုင်ဘက်ကင်းသိုင်းဝိညဉ်ရဲ့ မိတ်ဆက်လေးပါ။

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်ဆိုတဲ့ ဝတ္ထုက မင်းသားအရမ်းကို ကြမ်းတဲ့ဝတ္ထုပါ စပြီးနဲနဲထဲက ကြမ်းလိုက်တာမှ ဖတ်ဘူးသမျှဝတ္ထူထဲမှာ မူရင်းစာရေးသူက မင်းသားကိုအရမ်းအသားပေးပြီးရေးထားတဲ့ ဝတ္ထုလား အောင်မေ့ရလောက်အောင်ကိုကြမ်းတာပါ ဝတ္ထုဆိုတာလဲ အနိမ့်အမြင့်လေးနဲမှကောင်းတာဆိုတော့ ကြာရင်ငြီးငွေ့သွားမှာစိုးရတယ် မင်းသားအရမ်းကြမ်းတာကိုကြိုက်တဲ့သူတွေများရင်တော့ ဆက်ပြန်ပေးသွားပါ့မယ်
ဘယ်လိုများသဘောရကျလဲ comment လေးပေးသွားကျပါလား pls

......

ရှင်းလင်းချက်

ဒီ acc ပိုင်ရှင်လေးဖြစ်သူ @XiaoLong27   fb acc ဆရာထွန်းမြင့်အောင်သည် ဟိုးအရင်က Wp မှာ တင်ဖူးခဲ့သည့် မူရင်းဘာသာပြန်တစ်ဦးလည်းဖြစ်ပါသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီ acc ပိုင်ရှင်လေးဖြစ်သူ @XiaoLong27   fb acc ဆရာထွန်းမြင့်အောင်သည် ဟိုးအရင်က Wp မှာ တင်ဖူးခဲ့သည့် မူရင်းဘာသာပြန်တစ်ဦးလည်းဖြစ်ပါသည်။

အကြောင်းကြောင်းကြောင့် acc ပျက်သွားပြီးနောက် ယခုဖော်ပြပါ wp acc ကို ထပ်ဖွင့်ထားပါသည်။conversation တွင် အပိုင်း ၁ ကနေ ၅၀၀ အထိ pdf file ကို free link ချပေးထားပါသည်။အပိုင်း ၅၀၁ မှစ၍ အပိုင်း ၅၀၅ အထိ တင်ထားပြီးလည်းဖြစ်ပါသည်။

2021 မှာကတည်းက ရပ်နားလိုက်တာလားမသိ။ဆက်တင်တာ မတွေ့တော့တာရယ် စာဖတ်သူလေးတစ်ယောက်က လာရောက်တောင်းဆိုတာရယ်ကြောင့် ခုလို တင်ပေးခြင်းဖြစ်ပါသည်။

ဘာသာပြန်ဆရာအစ်ကိုထံသွားရောက်၍ ခွင့်တောင်းခြင်း မပြုထားပါ။

အကယ်၍ ဒီစာစဥ်ပိုင်ရှင်ဖြစ်သူ ဆရာထွန်းမှ ခုလိုခွင့်ပြုချက်မတောင်းဘဲတင်တာကို စိတ်အနှောင့်အယှက်ဖြစ်ပါက လာရောက်ပြောကြားနိုင်ပါတယ်ရှင့်။ချက်ချင်းပြန်ဖျက်ချပေးပါ့မယ်ရှင့်။

ဆရာထွန်းအပြင် တခြားအရင်တင်ထားတဲ့သူများရှိပါကလည်း လာရောက်ပြောကြားနိုင်ပါတယ်ရှင့်။ကျေးဇူးပြုပြီးတော့ War ထဲကို ဆွဲမထည့်ပါနဲ့ရှင့်။

ဒီစာစဥ်ကို အဇူး မပိုင်ပါ။ဒီစာစဥ်ကိုပိုင်တဲ့သူက ဆရာထွန်းမြင့်အောင်ပဲဖြစ်ပါတယ်ရှင့်။

မူရင်းဘာသာပြန်ဆရာကိုလည်း အထူးလေးစားလျက်ပါရှင့်🙏🙏🙏

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now