486 - 490

193 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၈၆ ....

နဂါးကိုးကောင်ကျောင်းတော်၏ အရှေ့တွင် ရင်ပြင်ကျယ်ကြီးတစ်ခုရှိသည်။ ထိုရင်ပြင်ကျယ်ထဲတွင် ပုံသဏ္ဍာန်ကင်းမဲ့သော ဖိအားများထွက်ပေါ်နေသည့် ဧရာမရေနဂါးရုပ်ထုကြီး ကိုးခုရှိသည် ။

ထိုရေနဂါးရုပ်ထုတစ်ခုချင်းဆီက ခန်းမဆောင် သခင်တစ်ယောက်ချင်းစီ၏ မိစ္ဆာချီများဖြင့် ဖန်တီးထားခြင်းဖြစ်သည်။  သာမန်အဆင့် စကြာဝဠာသိုင်းသမားတစ်ယောက်က ထိုရုပ်ထုများနားသို့ ချဉ်းကပ်လာနိုင်ရန် မလွယ်ပေ။
ရှောင်လုံက နဂါးကိုးကောင်းကျောင်းတော်အဝသို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားလိုက်သည်။

"... အဲ့ဒီနေရာမှာ ရပ်နေစမ်း..."

ရှောင်လုံကိုမြင်တွေ့သွားသည့် မိစ္ဆာသားရဲအစောင့်များက လှမ်းအော်ပြီး တားဆီလိုက်သည်။ ရှောင်လုံက သက်ပြင်းတစ်ခုကိုကို မှုတ်ထုတ်လိုက်သည်။  ရှောင်လုံကို တားဆီးရန်ကြိုးခဲ့သော အစောင့်များ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး သွေးနှင့် အသားစများက ရင်ပြင်ကျယ်ထဲတွင် ပြန့်ကျဲသွားလေသည်။

ရှောင်လုံ၏ လက်ရှိ အစွမ်းနှင့်ဆိုလျှင် သူ့ဒန်ထျန်ကိုဖြတ်သန်း၍ ထွက်ပေါ်လာသည့် သက်ပြင်းတစ်ခုက မိုးကြိုးပြစ်သော စွမ်းအားထက်ပင် ပို၍ ပြင်ထန်းလေသည်။
ထိုစွမ်းအားကို စကြာဝဠာအလယ်အဆင့် သိုင်းပညာရှင်များပင် ခုခံနိုင်မှာမဟုတ်ပေ ။
နဂါးကိုးကောင်ကျောင်းတော်အဝကို စောင့်ကြပ်နေကြသော အစောင်များက ကောင်းကင်အဆင့်သာ ရှိကြသေးသည်။

အောင်းကွမ်တို့ညီအကိုတစ်စုက ရှောင်လုံကိစ္စနှင့်ပတ်သတ်ပြီး တိုင်ပင်နေကြစဉ် နဂါးကိုးကောင်ကျောင်းတော်တံခါးဝမှ နာကျင်စွာအော်ဟစ်သံများကို ကြားလိုက်ရသည်။ သူတို့၏ ဆွေးနွေးပွဲကလည်း ရုတ်တရပ် ရပ်တန်သွား၏။

ထိုအချိန်တွင် တပည့်တစ်ယောက်က ခန်းမဆောင်အပြင်ဘက်မှ တုန်လှုပ်နေသည့်ပုံစံဖြင့် ပြေးဝင်လာသည်။ ထိုတပည့်က မည်သည့်စကားမှ မဆိုင်ရသေးခင် အောင်းကွမ်က ခပ်ဆတ်ဆတ်မေးလိုက်သည်

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now