596 - 600

200 15 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၉၆ ......

".... သူတို့ ရတနာ လာရှာကြတာ ဖြစ်နိုင်ပါ့မလား...?"

ရှောင်လုံစိတ်ထဲမှာလည်း သံသယဖြစ်သွားသည်။

".... ဟေ့ကောင်ရ ....ရတနာတွေကိုသာ လာမရှာရင် သူတို့ဘောတွေ အေးခဲသွားနိုင်တဲ့ နေရာမျိုးကို အပင်ပန်းခံပြီး လာကြမှာလား .... ဒီနေရာမှာ ငှက်တွေတောင် သူတို့ဥကို မဥဘူး ... "

အောင်းတိုင်ရီက ခွန်းတုံ့ပြန်လိုက်သည်

"... ဒါဆို ရတနာလာမရှာလို့ ဒီနေရာမှာ လာချိန်စတွေ့ကြတာလား ....ပြော...."

အောင်းတိုင်ရီစကား၏ အဓိပ္ပါယ်ကို စဉ်းစားမိပြီး ရှောင်လုံလည်း ချွေးပြန်သွားသည်။ မိုးသီးကျောက်တုံး သစ်တောလို အေးခဲနေသည့် နေရာမျိုးတွင် လာချိန်တွေ့ကြပါက တကယ့်ကို ရှားမှရှားသည့် လူထူးလူဆန်းများ ဖြစ်သွားနိုင်သည်။  တောင့်တင်းကြံခိုင်သော ခန္ဓာကိုယ်များနှင့် နွဲ့ဆိုးဆိုး နေမည့်ပုံစံများကို  ပြန်မြင်ယောင်ကြည့်လိုက်ပြီး ရှောင်လုံ တစ်ကိုယ်လုံး တုန်တက်သွားသည်။

".... အမှန်တော့ မိုးသီးတောအုပ်ထဲမှာ ရတနာတွေရှိနေမှန်းက်ု လူတွေအများကြီး သိထားကြတယ်... "

အောင်းတိုင်ရီက ရှင်းပြလိုက်သည်

"....ဒီနေရာမှာ ရတနာသိုက်ရှိနေတယ်ဆိုတာက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ဘူး ... ဒါပေမဲ့ နှစ်ပေါင်း တစ်သောင်းကျော်ကြာသွားတဲ့အထိ ရတနာတွေကို ဘယ်သူမှ ရှာမတွေ့ကြသေးဘူး .... အဲ့ဒါကြောင့် တဖြေးဖြေးနဲ့ ရတနာလာရှာသူ နည်းသွားတာ ... မိုးသီးတောအုပ်ရဲ့ တောနက်ပိုင်ထဲမှာ နတ်ဘုရားအဆင့် ၁၀ နဲ့ ညီတဲ့ သားရဲကြီးတွေ ကျက်စားကြတယ် ... မဟာနတ်ဘုရားအဆင့် သားရဲတွေတောင် တစ်ခါတစ်လေ ပေါ်လာတတ်တယ် ... အဲ့ဒါကြောင့်
ဒ်ီနေရာကိုလာပြီး ရတနာလာရှာတဲ့ လူဆယ်ယောက်မှာ ကိုးယောက်လောက်က တောအုပ်ထဲကနေ အသက်ရှင်ရက်နဲ့ ပြန်မထွက်နိုင်တော့ဘူး ... "

ရှောင်လုံလည်း တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now