506 - 510

163 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၀၆ ....

ရှောင်လုံ၏ စစ်ပုဆိန် အရိပ်များက အဖြု ၊ အမဲ
ပုံရိပ်ပေါ်သို့ အဆက်မပြတ်ကျရောက်လာသည်။
အဖြူ အမဲ ပုံရိပ်က အဆက်မပြတ် တုန်ခါနေသော်လည်း ပျောက်ကွယ်သွားခြင်းတော့ မရှိပေ ။

ထိုအချိန်တွင် ရှောင်လုံအော်သံကိုကြားသွားသော သိုင်းပညာရှင်များက ရင်ပြင်ကျယ်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

"... သတ်ကြ ..."

  လီလူမျက်လုံးထဲမှ အဖြူ နှင့် အနက်ရောင် အလင်းတန်းများ ဖြာထွက်လာသည်။ အသစ်ရောက်ရှိလာသည့် သိုင်းပညာရှင် အတော်များများကို ထိုအလင်းတန်းနှစ်ခု ဖောက်ထွက်ပြီး သတ်ပစ်လိုက်သည်။

ရှောင်လုံ မျက်နှာထားက အေးစက်တင်းမာသွားသည်။ ရှောင်လုံက ကမ္ဘာဗုဒ္ဓလက်ဝါးသိုင်းနှင့် နတ်တောင်ရွှမ်းမီသိုင်းအား ပေါင်းစပ်၍  အသုံးပြုလိုက်သည်။

ကောင်းကင်တစ်ခုလုံး ရွှေရောင်ဗုဒ္ဓရုပ်ထုများဖြင့် ပြည့်နှက်သွားသည်။ လီလူက ရှောင်လုံလက်ဝါးသိုင်းကွက်ကို ကွေ့ပတ်၍ ရှောင်တိမ်းလိုက်သည်။ ယင်ယန် ဓားနှစ်လက်က  လီလူအနားတွင် အဆက်မပြတ် လှည့်ပတ်ရင်း အတားအဆီးအလွှာအဖြစ် ခုခံပေးနေသည်။

"... သေခြင်း ရှင်ခြင်း ဓားအတားအဆီအလွှာ ..."

ဓားအတားအဆီးအလွှာက အစိတ်စိတ်အမွှာမွှာ ကျေပျက်သွားသော်လည်း ချက်ချင်းဆိုသလို အသစ်တစ်ခု ဖြစ်ပေါ်လာသည်။ ရှောင်တိမ်းရန်နောက်ကျသွားသည့် ညွှန့်ပေါင်းအဖွဲ့မှ သိုင်းပညာရှင်တစ်ချို့က ရှောင်လုံ၏ ကမ္ဘာ့ဗုဒ္ဓလက်ဝါးသိုင်းနှင့် ထိမှန်ပြီး နေရာမှာတင် ပေါက်ကွဲသေဆုံးကုန်ကြသည်။

"... အားလုံးနားထောင်ကြ .... မင်းတို့အားကုန်ထုတ်ပြီး အစီအရင်ထဲမှာ ပိတ်မိနေသူတွေကို သတ် ...."

ရှောင်လုံက အသစ်ရောက်ရှိလာသူများကို အမိန့်ပေးလိုက်သည်။

"... ကောင်းပါပြီ အရှင် ..."

အစီအရင်အတွင်း၌ မသေနိုင်သော တစ္ဆေများအပြင်  အလွန်အသက်ပြင်းသော အဆိပ်နောက်ချေးပိုးများကြောင့် ခေါင်းခြောက်နေကြသော ညွန့်ပေါင်းအဖွဲ့မှ သိုင်းပညာရှင်များက ရှောင်လုံအမိန့်က်ုကြားလိုက်ချိန်မှာတော့ မူးမေ့လဲကျမတတ် ဖြစ်ကုန်ကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now