201 - 205

291 24 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၀၁ ..... ချန်ကျင်းဖန်ဆိုတဲ့ ငါရဲ့နည်းလမ်းတွေကဘယ်လောက်ထိရက်စက်သလဲဆိုတာကိုမင်းမသိသေးဘူးပဲ

    "... အခုဟာက အထင်လွဲသွားတာဟုတ်လား...?"
ရှောင်လုံက အေးစက်စက်အကြည်တွေဖြင့် သူတို့မျက်နှာတေ့်ကိုနှင်းမုန်တိုင်းကျသလို ဝေ့ဝိုက်ကြည့်လိုက်သည်။ ဒါပေမယ့် ဂိုညီအကိုနားကို သူလမ်းလျှောက်သွားနေတာကိုတော့ ရပ်တန့်လိုက်ခြင်းမရှိပေ ..။

"... ဟုတ်....ဟုတ်ပါတယ် အခုက တယောက်နဲ့တယောက်သေချာမသိကြလို့အထင်လွဲသွားတာပါ....!"
ဂိုဖေးက တုန်လှုပ်နေသောသူ့မျက်မှာကို အတတ်နိုင်ဆုံး
တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ကြိုးစားရင်း ပြန်ဖြေလိုက်သည်။

ဂိုရှီက ဖက်တီးလိုမျိုး ခပ်ဝဝခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ထားသူဖြစ်သည် ။ ဂိုရှီက သူ့မျက်နှာကို ရှောင်လုံအမြင်မှာအတတ်နိုင်ဆုံး ဖော်ဖော်ရွေရွေဖြစ်အောင်ကြိုးစားပြုံးနေပေမယ့် မချိပြုံးသာပြုံးမိနေသည်။

"... ဟူတ်ပါတယ် ညီလေးရှောင်ရယ် ...ညီလေးရဲ့ ညီမက သိပ်မကြာခင်မှာ အကိုတို့မိသားစုဝင်ဖြစ်တော့မှာပဲ ... အဲ့ကျရင်ငါတို့ကညီအကိုဖြစ်ပြီလေ ..."
ဂိုဖေးကရယ်မောလိုက်ရင်း
"... ငါတို့က တမိသားစုထဲကပါကွ သူစိမ်းမဆန်ချင်စမ်းပါနဲ့ .."

"... ဟုတ်တယ် .ဟုတ်တယ်...ငါတို့ကတမိသားစုထဲဖြစ်တော့မှာ..."
ဂိုရှီကလဲ သူ့ခေါင်းကိုစိတ်အားထက်သန်နေပုံဖြင့် အဆက်မပြတ်ညိတ်ပြလိုက်သည်။

အဲ့အချိန်မှာပဲ ရှောင်လုံက သူတို့နှင့် တမီတာအကွာလောက်ကိုရောက်ရှိနေပြီပဲဖြစ်သည် ။ ဂိုညီအကိုနှစ်ယောက်က သူတို့မျက်နှာပေါ်က တုန်လှုပ်ကြောက်လန့်မှုတွေကိုကြိုးစားထိန်းချုပ်ထားတာကိုကြည့်ရင်း ရှောင်လုံက ခနဲ့ပြုံးပြုံးလိုက်ပြီး
"... မင်းတို့အစောပိုင်းကပြောခဲ့တဲ့စကားကိုပြန်ပြောစမ်းပါအုံး... ဘာတဲ့ ... သေးနုပ်တဲ့ဟောင်မိသားစုဝင်တယောက်က မင်းတို့ဂိုမိသားစုကိုဝင်ဖို့ကြိုးစားတာက အနူလက်နဲ့ရွှေခွက်နှိုက်တာဟုတ်လား... မင်းတို့အဲ့လိုပြောတာကိုကြားမိလိုက်သလိုပဲ ... ဒါမှမဟုတ်ငါပဲနားကြားမှားနေတာလား...?"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Onde as histórias ganham vida. Descobre agora