71 - 75

372 28 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၇၁ .... မင်းသိုင်းဝိညဉ်ကို ခေါ်ထုတ်လိုက်စမ်းပါ

လူခိုင် ခန္ဓာကိုယ်တခုလုံး တောက်ပတဲ့ အလင်းရောင်တွေနဲ့ ပျိုးပျိုးပျက်ပျက်လက်လာသည်။ အဲ့နောက်သူနောက်မှာ အရိပ်အကြီးကြီးတခုပေါ်လာလေသည်

သိမ်းငှက်အစိတ်အပိုင်းတခု....
ဖီးနစ်အစိတ်အပိုင်းတခု....
နဂါး အစိတ်အပိုင်းတခု...... စသဖြင့် ရောစပ်ထားတဲ့ ကြီးမားတဲ့သားရဲကြီးက အားလုံးရဲ့ မျက်စိရှေ့မှာ ပေါ်လာသည်။ အရမ်းကိုသန်မာတဲ့ ဖိနှိပ်မှု အားအင်တွေက လူခိုင်ရှိနေတဲ့ စင်ရဲ့ထောင့်စွန်းကနေ သိုင်းပြိုင်ကွင်းတခုလုံးကို ဟာရီကိန်းမုန်တိုင်းလို့ ပြင်းထန်စွာ ပျံနှံသွားသည်။

".... ကောင်းကင် ငှက်ကြီး.... "

"... မင်းသားလေး လူခိုင်ရဲ့ သိုင်းဝိညဉ်က တကယ်ပဲ ကောင်းကင်ငှက်ကြီးလား......  ငါ့တိုလူတောင်းနိုင်ငံကိုတည်ထောင်ခဲ့တဲ့ ပထမဆုံးဘုရင်မင်းမြတ်ရဲ့ သိုင်းဝိညဉ်ကလဲ ကောင်းကင်ငှက်ကြီး မဟုတ်လား..... !"

လူခိုင်ရဲ့ ကြီးမားတဲ့ ကောင်းကင်ငှက်ကြီးကိုမြင်လိုက်တော့ ပတ်ဝန်းကျင်က လူထုဆီကနေ အံသြအာမေထိတ်သံတွေ ဆူညံစွာထွက်ပေါလာလေသည်။ ရှောင်လုံ ကိုယ်တိုင်လဲ အရမ်းကို အံသြသွားသည်။

ကောင်းကင်ငှက် သိုင်းဝိညဉ်က အဆင့်၁၀ သိုင်းဝိညဉ်တွေထဲမှာဆို အသန်မာဆုံး သိုင်းဝိညဉ်ဟု အသိအမှတ်ပြုထားကျလေသည်။

ဒဏ္ဍာရီတွေအဆိုအရ.......
ကောင်းကင်ငှက်ကြီးက ရှေးခတ်ကောင်းကင်နဂါးတွေရဲ့ သွေးနဲနဲဝေးတဲ့ မျိုးဆက်ဖြစ်လေသည်။ ဒါအပြင် လူခိုင်ရဲ့ ကောင်းကင်ငှက်အသွင်အပြင်က သာမန်အဆင့်၁၀ ကောင်းကင်ငှက်ရဲ့ အသွင်အပြင်နဲ့ မတူပဲ ထူးခြားနေတာကို အကုန်လုံး သတိထားမိလိုက်ကျသည်။

ဒဏ္ဍာရီတွေအရဆို ကောင်းကင်ငှက်မှာ အတောင်ပံနှစ်ခုပဲ ပါလေသည်။ အခုလူခိုင်ရဲ့ ကောင်းကင်ငှက် သိုင်းဝိညဉ်ကျတော့ သာမန်ကောင်းကင်ငှက်နဲ့မတူပဲ အတောင်ပံ လေးခုတိတိပါလေသည်။

အဲ့အတောင်ပံလေးခုကို ဖြန့်လိုက်တဲ့အခါ အတောင်ပံတွေအောက်မှာ မရေတွက်နိုင်တဲ့ ရွှေရောင်အလင်းစက်လေးတွေက တောက်ပလာသည်။ သာမန် ကောင်းကင်ငှက် သိုင်းဝိညဉ်မှာဆိုရင် ဒီလိုမျိုး ထူးခြားချက်မျိုး မပါရှိပေ..... ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now