781 - 785

160 13 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်
အပိုင်း ၇၈၁..... မင်းက မင်းကိုယ်မင်း ဟဲ့ဖေးဖန်ထက်ပိုပြီး သန်မာတယ်လို့ ထင်နေတာလား
ကျောင်းဟန်ကျီသည် တိုက်ပွဲဆင်မြင့်ပေါ်သို့ဒုတိယမြောက်ခုန်တက်လာသူမှာ မိုးပြာရောင်နဂါးတက္ကသိုလ်၏ လုကုန်းဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင် သူ့၏မျက်နှာထက်၌ တုန်လှုပ်မှုများ ဖြတ်ပြေးသွားလေသည်။သို့သော်လည်း သူ့၏ အမူအရာကို တည်ငြိမ်သည့် ပုံစံဖြစ်အောင် အလျှင်အမြန်ထိမ်းချုပ်လိုက်လေသည်။
သူက လုကုန်းကို အေးစက်စက်ကြည့်လိုက်လေသည်။
"ဒီတော့...ဒါက အကိုလုကုန်းကိုး...အကိုလုကုန်းရဲ့ စာလုံးတစ်သောင်း ရောင်ခြည်စက်ဝိုင်းက ရှေးခေတ်ကာလရဲ့ စွမ်းအားအကြီးဆုံး အသံလှိုင်းနည်းစနစ် တစ်ခုလို့ ကျုပ် ကြားဖူးနေတာကြာပါပြီ...ဒီနေ့တော့ အဲ့ဒီနည်းစနစ်ရဲ့ စွမ်းအားကို ကျုပ်မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ရတော့မယ်"
မဟာနတ်ဘုရားအဆင့် တက်ရောက်မှုစာရင်းပေါ်ရှိ လူကုန်း၏ အဆင့်သည် သူ့ထက် မြင့်မားနေသည့်အချက်မှာ ကျောင်းဟန်ကျီကို စိတ်မသက်မသာ ဖြစ်နေစေခဲ့သည်။
လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာအတွင်း သူသည် တံခါးပိတ်ကျင့်ကြံခဲ့ပြီး သူ့၏ခွန်အားကို ခုန်ပျံတိုးတတ်စေနိုင်သည့် ကံကောင်းသော အဖြစ်အပျက်အချို့နှင့်တွေ့ကြုံခဲ့ရသည်။ထို့ကြောင့်သူ့၏ လက်ခွန်အားဖြင့်ဆိုလျှင် မဟာနတ်ဘုရားအဆင့်တတ်ရောက်မှု စာရင်း၏ ထိပ်ဆုံး သုံး နေရာတွင် ရပ်တည်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိပေသည်။
တစ်နေ့တွင် ကြယ်စင်စုလေးစုမှ သိုင်းပညာရှင်များနှင့် အင်အားစုများရှေ့၌ ကျောင်းဟန်ကျီသည် သူ့၏ အစစ်အမှန်ခွန်အားဖြင့်သူတို့ကို အံ့အားသင့်သွားစေမည်ဖြစ်သည်။
ကျောင်းဟန်ကျီ၏ စကားများထဲ၌ ရန်စလိုဟန်များ ရောယှက်နေကြောင်းကို ခံစားမိလိုက်လေသည်။သူ့၏ အမူအရာကင်းမဲ့နေသော မျက်နှာက ချက်ချင်းဆိုသလို စပ်ဖြီးဖြီးအပြုံးအသွင် ပြောင်းလဲသွားလေသည်။
"မင်းက ငါ့ရဲ့ စာလုံးတစ်သောင်းရောင်ခြည်စက်၀န်းအစွမ်းကို ခံစားကြည့်ဖို့အတွက် မစောင့်နိုင်တော့ဘူးဆိုမှတော့...ငါက မင်းကို ဘယ်စိတ်ပျက်စေလို့ဖြစ်မလဲ"
ကျောင်းဟန်ကျီ၏ အကြည့်က အေးစက်သွားလေသည်။သူက မည်သည့်စကားမှ ထပ်မပြောတော့ဘဲ သူ့၏ ခန္ဓာကိုယ်ဆီမှ မှင်နက်ရောင်စွမ်းအားမျှင်များ ထွက်ပေါ်လာပြီး သူ့၏ ပတ်ပ်လည်၌ မျောလွင့်နေသော မှင်နက်ရောင်တိမ်တိုက်များအသွင် ပြောင်းလဲသွားပေသည်။
"ဒါက ကျောင်းမိသားစုရဲ့ ငရဲ မြူနှင်း နည်းစနစ်ပဲ"
"ကြည့်ရတာ ဒီကျောင်းဟန်ကျီက ငရဲမြူနှင်းနည်းစနစ်ကို အဆင့်ကိုးအထိ ကျင့်ကြံပြီးသွားပြီထင်တယ်"
စင်မြင့်အောက်ရှိ ဧည့်သည်များသည် အံ့အားသင့်စွာဖြင့် တီးတိုးပြောနေကြသည်။
ဧည့်သည်များက တီးတိုးပြောဆိုနေကြချိန်တွင်စင်မြင့်ပေါ်၌ အနက်ရောင် ရေခဲ အလွှာများသည် ကျောင်းဟန်ကျီကို ဗဟိုထား၍ အရပ်မျက်နှာ အနှံ့ဆီသို့ပြန့်နှံ့သွားလေသည်။ မျက်တောင်တစ်ခက်အတွင်း  အနက်ရောင်ရေအခဲ အလွှာများသည် လုကုန်း၏ ခြေဖဝါးဆီသို့ရောက်ရှိသွားလေသည်။
လုကုန်းက တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် သူ့၏ ခြေဖဝါးဆီမှ တုန်ခါမှုလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ရွှေရောင် အလင်းတန်းများသည် ရေမျက်နှာပြင်ကို ထိုးခွင်းလာသည့်နှယ် ရှေ့သို့ တိုး၀င်လာသည်။ ထိုးဖောက်၀င်ရောက်လာသော ရွှေရောင်အလင်းတန်းရှေ့တွင် ကျောင်းဟန်ကျီ၏ ငရဲမြူနှင်းအင်အားနှင့် အနက်ရောင် ရေခဲ အလွှများသည် လုကုန်း ၃၃ မီတာ ပတ်ပတ်လည်အတွင်းသို့ ၀င်ရောက်မလာနိုင်တော့ပေ။
ကျောင်းဟန်ကြည်၏ မျက်လုံးများက ကျဥ်းမြောင်း သွားသော်လည်း စိတ်ထဲ၌မူ တုန်လှုပ်နေပေသည်။လူတစ်ယောက်၏ စာလုံးတစ်သောင်းရောင်ခြည် စက်ဝိုင်းက စာလုံးလေးထောင်သို့ရောက်ရှိသွားချိန်တွင် ထိုသူသည် စာလုံးစွမ်းအားကို စုစည်းနိုင်စွမ်းရှိပြီး အဆင့်တူကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်သည်ဟု သူကြားပေသည်။
'အဲ့ဒီ ရွှေရောင် အလင်းတန်းက စာလုံးအင်အားဆိုတာလား...ဒါဆို လုကုန်းက စာလုံးလေးထောင်ကို အသုံးပြုနိုင်နေပြီလား'
စင်မြင့်အောက်ရှိဧည့်သည်များသည်လည် ကျောင်းဟန်ကျီ ကဲ့သို့တွေးတောကာ ထိုအကြောင်းကို ဆွေးနွေးလိုက်ကြလေသည်။
"စာလုံး အင်အားပဲ... အဲ့ဒီလုကုန်းက စာလုံးတစ်သောင်း ရောင်ခြည် စက်ဝိုင်းရဲ့ စက်လုံးတစ်လေးထောင်ကို အောင်မြင်သွားခဲ့ပြီ"
"စာလုံးအင်အားကိုထုတ်သုံးနိုင်စွမ်း ရှိတဲ့သူက မဟာနတ်ဘုရားဆင့် အောက်က ပြိုင်ဘက်ကင်းပဲလို့ပြောသံကြားဖူးတယ်"
"စာလုံး အင်အားက မဟာ နတ်ဘုရားအဆင့် သိုင်းပညာ ရှင်တစ်ယောက်ရဲ့ နတ်လုရား အဆင့်အင်အားနဲ့ နှိုင်းယှဥ်ရတယ်တဲ့"
စင်မြင့်အောက်ရှိဧည့်သည်များထံမှ စကားသံများကိုကြားလိုက်ရချိန်တွင် လုကုန်းသည် တောက်ပစွာပြုံးနိုင်လေသည်။ထိုနောက် ကျောင်းဟန်ကျီကိုကြည့်ရင်း သူက ပြောလိုက်လေသည်။
"မင်းရဲ့ ရေခဲမြူနှင်း နည်းစနစ်က အား မနည်းဘူးဆိုပေမယ့်...မင်းရဲ့ကျင့်စဥ်က အဆင့်တစ်ဆယ် ကို မအောင်မြင်သေးဘူးလေ ...ဒီတော့ မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူးး...ကျောင်းဟန်ကျီ...မင်းဒီစင်မြင့်ပေါ်က ပြန်ဆုတ်သွားမယ်ဆိုရင်အချိန်မှီသေးတယ်"
ကျောင်းဟန်ကျီ၏အမူအရာက ဆိုးဝါးသွားလေပြီးဒေါသတကြီး အော်ဟစ်လိုက်လေသည်။သူ့၏ ပတ်ပတ်လည်ရှိမှင်နက်ရောင် တိမ်တိုက်များသည် လှုပ်ခါသွားပြီးနောက် ချက်ချင်းဆိုသလို သူက လုကုန်း နားရောက်ရှိသွားကာ လက်သီးဖြင့်ထိုးနှက်တိုက်ခိုက်လိုက်လေသည်။
ကျောင်းဟန်ကျီ၏ လက်သီးဆီမှ မှင်နက်ရောင်တိမ်တိုက်များသည် ကြောက်မက်ဖွယ်အင်အားဖြင့် လုကုန်း၏ ရင်ဘက်ပေါ်သို့ရောက်ရှိသွားလေသည် ။ ထိုအချိန်၌ တိုးဖျော့သော တစ္ဆေ ငိုညည်းသံများကို ကြားနိုင်ရပေသည်။
"ဒါက ရှေးဟောင်း စုန်းတစ္ဆေဂိုဏ်းရဲ့ စုန်းတစေလက်သီးပဲ"
ကျောင်းဟန်ကျီ၏ လက်သီးဆီမှ ပေါက်ကွဲမှု အင်အားကို ကြည့်ရှုရင်း လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်လေသည်။
"စုန်းတစ္ဆေလက်သီးတဲ့လား ...စုန်းတစေ လက်သီးနဲ့တိုက်ခိုက်ခံရတဲ့ မဟာ နတ်ဘုရားအဆင့်အောက် ဘယ်သူမဆို ...သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တစ္ဆေပေါင်းထောင်ချီ ကပ်တွယ်လာသလို ခံစားရပြီးတော့ စိတ်ဝိညာဥ်ကို ဝါးမျိုခံရပြီး နာနာကျင်ကျင်သေဆုံးသွားရတယ်လို့ ပြောကြတယ်"
နောက်တစ်ယောက်က အော်ဟစ်လိုက်လေသည်။
တခြားဧည့်သည်များသည် သူတို့၏ လည်ပင်းပေါ်၌ ကြက်သီးမွှေးညှင်းများ ထလာသလို ခံစားလိုက်ရပေသည်။
မိုးပြာရောင် နဂါးတက္ကသိုလ်၏ ချင်ရီသည်ပင်ကျောင်းဟန်ကျီ ထုတ်ဖော်လိုက်သော ရှေးဟောင်း စုန်းတစ္ဆေ လက်သီးကို ကြည့်ရင်း ကြောင်အ သွားပေသည်။
လုကုန်းက သူရှိရာဆီသို့ ဉီးတည်လာသော မှင်နက်ရောင် တိမ်တိုက်များကို ကြည့်ရင် ဂရုမစိုက် မလုပ်ရဲပေ။ သူ့၏ ခန္ဓာကိုယ်ဆီမှ မျက်စိကြိမ်းမတတ် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သူပါးစပ်ကို ဖွင့်လိုက်ကာ ထူခြားဆန်းကြယ်သော ရှေးဟောင်း သင်္ကေတများစွာကို ထွေးထုတ်လိုက်လေသည်။
ရှေးဟောင်းသင်္ကေတ တစ်ခုချင်းစီတိုင်းသည် ရွှေရောင် တောင်ကုန်းငယ်လေးတစ်ခုနှင့်တူပြီး အားကောင်းလာသော ရွှေရောင် အလင်းတန်းကို ထုတ်လွှတ်နေပေသည်။
ထူးခြားဆန်းကြယ် သော ရွှေရောင်သင်္ကေတ များသည် စုန်းတစ္ဆေ လက်သီးအင်အား နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
တုန်လှုပ်မှု အင်အားက တိုက်ပွဲ စင်မြင့်ကို ယိမ်းယိုင် တုန်ခါသွားစေပြီး ပေါက်ကွဲသံများဖြင့် ပဲ့တင်ထပ်သွားပေသည်။
ရွှေရောင် သင်္ဂေတ များနှင့် စုန်းတစ္ဆေ လက်သီး အင်အားသည် လွင့်ပါးပျောက်ကွယ်သွားလေသည်။
လုကုန်းက ခြေလှမ်းများစွာ ဆုတ်ခွာသွားရပြီး ကျောင်းဟန်ကျီမှာမူ မတည်မငြိမ် ယိမ်းယိုင်စွာဖြင့်ခြေလှမ်းဒါဇင်ချီ ဆုတ်ခွာလိုက်ရသည် ။ သူ့၏ မျက်နှာ မှာလည်း ဖြူလျော့နေပေသည်။
လုကုန်းက သူ့ကိုယ်သူ ချက်ချင်းဆိုသလို တည်ငြိမ်အောင် လုပ်ဆောင်လိုက် ပြီး ပါးစပ်ကို နောက်တစ်ကြိမ် ထပ်ဖွင့်လိုက်လေသည်။ဤတစ်ကြိမ်၌ ရွှေရောင်သင်္ကေတများ တစ်ခုခြင်းပျံသန်း ထွက်ပောါ်မလာတော့ပေ။ ထိုအစား တောက်ပသော ရွှေရောင် အလင်းလုံးများအသွင် ဖြစ်တည်လာပြီး ကျောင်းဟန်ကျီ ဆီသို့ တိုး၀င်သွားလေသည်။တိုက်ပွဲစင်မြင့် ပတ်ပတ်လည်ရှိ လေဟာနယ်သည် ဆံချည်မျှင် အက်ကွဲကြောင်းများ ဖြစ်လာပေသည်။
ကျောင်းဟန်ကျီ မျက်နှာက တင်းကြပ်သွားလေသည်။ သူ့၏ ပတ်ပတ် လည်ရှိ မှင်နက်ရောင် တိမ်တိုက်များသည် စုစည်းသိပ်သည်းသွားပြီး  သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ချပ်၀တ်အသွင်ပြောင်းလဲသွားပေသည်။
စင်မြင့်၏ အောက်တွင်လုကုန်းနှင့် ကျောင်းဟန်ကျီတို့၏ တိုက်ပွဲကို ကြည့်ရှုနေရင်း ရှောင်လုံ၏ မျက်နှာ ထပ်၌ မည်သည့် ခံစားချက်မျှ ဖြစ်တည် မလာပေ။
သူတို့ပြသနေသော စွမ်းအားသည် တုန်လှုပ်ဖွယ် ကောင်းလှသော်လည်း ရှောင်လုံ၏ မျက်လုံးထဲ၌ ပင် သူတို့နှစ်ယောက်သည် ကလေးနှစ်ယောက် ကြမ်းကြမ်းတမ်းတမ်းကစားနေသည်နှင့်တူနေပေသည်။
သူတို့၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့်တတ်ရောက်မှု စာရင်းပေါ် ၀မ်လုံနှင့်ယှဥ်နိုင်ရန် ဝေးကွာနေပေသေးသည်။
စင်မြင့်ပေါ်၌ တိုက်ပွဲက ဆက်လက် တိုက်ခိုက်နေကြသော်လည်း ရှောင်လုံအနေဖြင့် ပိုပြီး ကြည့်မိလေလေ ပိုပြီး ပျင်းရိလာသလိုခံစားလာရလေလေဖြစ်သည်။
အဆုံး၌ သိုင်းကွက်တစ်ရာကျော်ချိန်တွင် ကျောင်းဟန်ကျီသည် ရှုံးနိမ့်သွားပြီး တိုက်ပွဲစင်မြင့်ပေါ်မှ ပြုတ်ကျသွားပေသည်။
စင်မြင့်၏ အပြင်ဘက် သို့ ရောက်ရှိသွားသော ကျောင်းဟန်ကျီသည် စင်မြင့်ပေါ်၌ ရပ်နေဆဲဖြစ်သော လုကုန်းကို စိုက်ကြည့်လိုက်လေသည် ။ သူက အဆပေါင်းတစ်ရာမက ဆန္ဒမရှိလျှင်ပင် သူလုပ်နိုင်သည့်အရာ ဟူ၍ မရှိပေ။ထို့နောက် သူ့ပါးစပ်ဆီမှ သွေးစီးကြောင်းများကိုသုတ်လိုက်လေပြီး ကျောင်းမိသားစုခေါင်းဆောင်၏ နောက်သို့ သွားကာရပ်နေလိုက်လေသည်။
လုကုန်းကစင်မြင့်ပေါ်၌ မက်တပ်ရပ်နေပြီး တည်ငြိမ်သော်လည်း မောက်မာသည့်လေသံဖြင့်ပြောလိုက်သည်။
"ဘယ်သူက များ ဒီလုကုန်းရဲ့ စာလုံးတစ်သောင်း ရောင်ခြည် စက်ဝိုင်းအစွမ်းကို စမ်းသပ်ကြည့်ချင်သေးးလဲ”
သို့သော်လည်း မည်သည့်တပည့်ကမှ တိုက်ပွဲစင်မြင့်ပေါ်သို့ တတ်မလာရဲကြပေ။
နီလာခရမ်း မိုးရေစက် နတ်ဆေးလုံး ဆယ်လုံးသည် ဆွဲဆောင်မှု အားပြင်း လှသော်လည်း သူတို့စင်မြင့်ပေါ်မှ ကန်ချခံလိုက်ရချိန်တွင်ကျောင်းဟန်ကျီကဲ့သို့ဆက်လက် ရှင်သန်နေလိမ့်မည်ဟု မည်သူမှ မပြောနိုင်ပေ။
စင်မြင့်ပေါ်သို့မည်သူမှ တတ်မလာရဲသည်ကိုကြည့်ရင်း လုကုန်းသည် ရှောင်လုံဘက်သို့ လှည့်ကြည့်လိုက်ပေသည်။ထို့နောက် သူ့၏ အသံက ရှင်းရှင်းလင်းလင်းထွက်ပေါ်လာသည်။
"အနက်ရောင် သူရဲကောင်းတက္ကသိုလ်က ဘယ်သူကမှ တိုက်ပွဲစင်မြင့်ပေါ်ကို တတ်မလာရဲကြတော့ဘူးလား...ဒီလိုဆိုမှ တော့... အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ် သောင်းကို...  ကျုပ်တို့ မိုးပြာရောင် နဂါးတက္ကသိုလ်ဆီ အလွယ် တကူပို့ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရမှာပေါ့”
"အကိုကြီး လုကုန်းရဲ့ စာလုံးတစ်သောင်းရောင်ခြည် စက်ဝိုင်းက ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတာကို မြင်တွေ့သွားရလို့... အနက်ရောင်သူရဲတက္ကသိုလ်က လူတွေ ဘောင်းဘီထဲ သေးပေါက်ချမိသွားလောက်ပြီ လို့ ကျုပ်ထင်တယ်...ဘယ်သူက များအကိုကြီး လုကုန်းနဲ့ယှဉ်ပြိုင်ရဲမှာလဲ”
ထို အချိန်တွင် မိုးပြာရောင် နဂါးတက္ကသိုလ် မဟာ အကြီး အကဲ တစ်ယောက် က ပြောလိုက်လေသည်။
"ငါလည်း သဘောတူတယ်... အဲ့ဒီ ဟောင်ရှောင်လုံက... အဆင့်မြင့်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းကို ငါတို့ဆီ ပေးပစ်ရလောက်တဲ့အထိ ရူးသွပ်မယ်လို့ မထင်ထားမိဘူး”
အခြားသော မိုးပြာရောင် နဂါးတက္ကသိုလ် မဟာအကြီးအကဲတစ်ယောက်က ဝင်ပြောလိုက်လေသည်။
ထို မဟာအကြီးအကဲ နှစ်ယောက်သည် ဘယ်သူမှ မကြားဖူးထင်ကာ တီးပြောဆိုနေကြသော်လည်း စင်မြင့်အောက်၌ ရှိနေသော ဧည့်သည် များသည် အနည်းဆုံး နတ်ဘုရားအဆင့်၁၀ သိုင်းပညာ ရှင်များဖြစ်သည်မို့ ထိုစကားများကို ကြားလိုက်ရသည်။
လျိုယွင်က ဒေါသတကြီးဖြင့်စင်မြင့်ပေါ်သို့ ပျံသန်းသွားရန်ပြင်လိုက်ချိန်တွင် ရှောင်လုံက သူ့ကို တားကာ ပြောလိုက်လေသည်။
"ဒါက. လုကုန်တစ်ယောက်လောက်ပဲ...အကြီးဆုံး ဆရာတူအစ်ကိုကြီး သွားစရာမလိုပါဘူး...ကျွန်တော် သွားရင် ကို လုံလောက်ပါတယ်”
ဖုယံ၊လျိိုယွင်၊ချီဝမ်နှင့် ချန်းယန် သည်ပင် ကြောင်အသွားကြပေသည်။
ဖုယံက ရှောင်လုံကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်လေသည်။
"ဂရုစိုက်ပါ"
"ဆရာ... ကျေးဇူးပြုပြီး စိတ်ချလက်ချနေပါ”
ရှောင်လုံက ရိုသေလေးစားစွာ ပြန်ဖြေပြီးနောက် စင်မြင့်ဘက်သို့လှည့်လိုက်သည် ။မျက်တောင် တစ်ခတ်အတွင်း သူကစင်မြင့်ထက်သို့ ရောက်ရှိသွားပေသည်။
အနက်ရောင်သူရဲကောင်းတက္ကသိုလ်က စေလွှတ်လိုက်သောသူသည် ရှောင်လုံဖြစ်ကြောင်းတွေ့လိုက်ရချိန်တွင် ဧည့်သည် အားလုံးသည် အံ့အားသင့်မှင်သက်သွားကြလေသည်။
ရှောင်လုံ စင်မြင့်ပေါ်သို့ ရောက်ရှိသွားချိန်တွင် စကြာဝဌာ မိခင် ယောင့်ချီ ၏ဆွဲဆောင်မှုရှိသော မျက်ဝန်းများသည် တောက်ပသွားပြီး သူမ ၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်သွားလေသည်။
မိုးပြာရောင် နဂါးတက္ကသိုလ်ကျောင်းအုပ်ကြီးသည် စိတ်ထဲ၌လှောင်ပြောင်လိုက်လေသည်။
စင်မြင့်ထပ်တွင်လုကုန်းက ရှောင်လုံကို ကြည့်ကာ ခေါင်းကို ခါရမ်းလိုက်လေသည်။
"ဟောင်ရှောင်လုံ...မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်မှန်းသိနေရဲ့သားနဲ့ ဒီနေရာကို ရောက်လာရဲတဲ့ မင်းရဲ့သတ္တိကို ငါလေးစားသွားပြီ”
စင်မြင့်အောက်ရှိ မိုးပြာရောင်နဂါးတက္ကသိုလ်မှ လူများသည် ကျယ်လောင်စွာရယ်မောကြလေသည်။
ရှောင်လုံက တည်ငြိမ်နေပေသည်။
"အစကတော့...ငါမင်ရဲ့အသက်ကို ချမ်းသာပေးမလို့ပဲ...ဒါပေမယ့် အခုတော့ မင်းကိုယ်တိုင် အဲ့ဒီအခွင့်အရေးကို လွှင့်ပစ်လိုက်ပြီထင်တယ်”
လုကုန်းနှင့် စင်မြင့်အောက်ရှိ ဧည့်သည်များသည် ရှောင်လုံး၏မောက်မာလှသောစကားများကို ကြားလိုက်ရချိန်၌ ကြောင်အသွားကြလေသည်။
လုကုန်းက ရှောင်လုံ၏ မျက်နှာကိုယ်ကြည့်ကာရယ်မောလိုက်လေပြီး သူ့၏ အကြည့်သည် အေးစက်မှုများဖြင့် ပြည့်နှက်နေပေသည်။
"ဟောင်ရှောင်လုံ...တစ်ခါတလေကျရင်... မင်းက ဟာသလုပ်တဲ့နေရာမှာ တကယ်ကိုအရည်အချင်းရှိတာပဲ”
လုကုန်းက ရယ်မောခြင်းကို ရပ်တန့်လိုက်လေပြီး ရှောင်လုံ အား အဓိပ္ပါယ် အပြည့်ဖြင့်ကြည့်လိုက် လေသည်။
"မင်းက ငါ့ရဲ့အသက်ကို ချမ်းသာပေးဖို့စဉ်းစားနေခဲ့သေးတယ်လို့ ပြောနေတာလား...မဟာနတ်ဘုရားအဆင့်ကို ချိုးဖြတ်ဝင်ရောက်သွားတဲ့ ဟဲ့ဖေးဖန်တောင် ငါ့ကို သတ်နိုင်လိမ့်မယ်လို့ မပြောရဲဘူး...မင်းက မင်းကိုယ်မင်း ဟဲ့ဖေးဖန်ထက် သန်မာတယ်လို့ ထင်နေတာလား”

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Onde as histórias ganham vida. Descobre agora