291 - 295

202 18 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၉၁ ......

    သုံးနာရီကြာပြီးနောက် ရှောင်လုံက ကျားကွဲတောင်ကြားကနေ နတ်ဘုရားအသင်္ချေမြို့သို့ အချိန်မှီပြန်ရောက်လာခဲ့သည် ။ သို့ပေမယ့် ရှောင်လုံပြန်ရောက်လာချိန်က ညလယ်သို့ရောက်ရှိနေပြီပဲ ဖြစ်သည်။

." သခင်လေး ...."

ကျင်းရန် တို့လူစုက ခြံဝန်းလေးအပြင်ဘက်၌ အချိန်အတေ်ာကြာအောင် စောင့်ဆိုင်းနေကြဟန်တူသည် ။ သူတို့ကရှောင်လုံရောက်လာတာကို မြင်သည်နှင့် အလျင်အမြန်ပြေးထွက်ကာ နှုတ်ဆက်လိုက်ကြသည်  ။

ရှောင်လုံက ခေါင်းညိတ်ပြ၍ ခြံဝန်းထဲသို့ ဝင်လိုက်၏ ။ ရှောင်လုံက သူတို့လူစု လေလံတင်ပွဲပြီးချိန်ကြရင်လဲ နတ်ဘုရားအသင်္ချေမြို့ ပတ်ဝန်ကျင်၌ လေးပင်လယ်တောင်မှ နတ်ဘုရားဂူကို ရှာဖွေရအုံးမှာဖြစ်သောကြောင့် ခြံဝန်းတခုဝယ်ယူရန်ဆုံးဖြတ်လိုက်လေသည် ။

ရှောင်လုံဝယ်ထားသည့် ခြံဝန်းလေးက သိပ်မကြီးသော်လည် စျေးနှုန်းကတော့ သိန်းဂဏန်းနီးပါးကို ကပ်နေလေသည်။ သို့ပေမယ့် ရွှေဒင်္ဂါးတွေက ရှောင်လုံအတွက် ရှားပါးပစ္စည်းတွေတော့မဟုတ်ပေ ...။

ယခုနှစ်တွေအတွင်း ဒေါက်ကိုးခုကုန်သည်အဖွဲ့၏ နှစ်စဉ်ဝင်ငွေက ရှောင်လုံ မရေမတွက်နိုင်အောင်ပင် တိုးပွားလာသည် ။ ထိုအတူ သူလမ်းတလျှောက်သတ်ဖြတ်ခဲ့သည့် ကောင်းကင်သိုင်းသမားတွေရဲ့ သိုလှောင်လက်စွပ်အတွင်းမှ ရရှိခဲ့တာတွေကိုပါတွက်ကြည့်မယ်ဆိုရင် ရှောင်လုံက အတော်လေးကို ကြယ်ဝချမ်းသာသူတယောက်ဖြစ်နေပြီပဲ ဖြစ်သည်။ အထူးသဖြင့် အဆိပ်ဘုရင်ဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်နှင့် ဂိုဏ်းသားတွေဆီကနေ ရှောင်လုံအတော်လေးကို စုဆောင်းမိလိုက်သည်။

.ခြံဝန်းထဲသို့ဝင်ပြီးနောက် ရှောင်လုံက ကျင်းရန်တို့လုစုနှင့် ခနလောက်စကားပြောလိုက်ပြီး နတ်တောင်ရွှမ်းမီအတွင်းသို့ဝင်လိုက်လေသည်။
နတ်တောင်ရွှမ်းမီထဲကိုရောက်တော့ ရှောင်လုံက ဂျန်ကျုံးဆီက ရရှိခဲ့သော သိုင်းကျမ်းနှသ်ခုကိုထုတ်လိုက်ပြီး စတင်လေ့ကျင့်တော့သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now