381 - 385

203 17 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၈၁

ချန်ချန်းကိုယ်တိုင်ဝင်ရောက်တိုက်လိမ့်မည်ဟု မထင်ထားတာကြောင့် ရှီရှောင်ဖေးလည်းအရမ်းကို အံ့အားသင့်သွားလေသည်။ ထိုအပြင် ချန်ချန်းကသူ၏ပထမဆုံးတိုက်ခိုက်မှုမှာပင် အဆင့်မြင့် ကောင်းကင်အဆင့်သိုင်းကျမ်းကို အသုံးပြုလိုက်တာပဲ ဖြစ်သည် ။

ချန်ချန်း၏ ထိုတိုက်ခိုက်မှုကို သူမလိုလူပင် ထိပ်တိုက်ရင်မဆိုင်ရဲပေ ...။ ရှောင်လုံ၏ ချောမောခန့်ငြားသောရုပ်ရည်ကိုကြည့်ရင်း ရှီရှောင်ဖေးက စိတ်မသက်မသာဖြစ်သွားသောပုံစံဖြင့် ခေါင်းခါယမ်းလိုက်သည်။ သို့သော် ေ မိသားစုအားကိုးနှင့် လိုက်မိုက်နေတတ်ကြသော လူဆိုးတွေက သူတို့ရန်မစသင့်သောသူကို ရန်သွားစပြီး ထိုကဲ့သို့ အနှေးနှင့်အမြန် ဇတ်သိမ်းကြတာပဲ မဟုတ်ပါလား ....။

ပတ်ဝန်းကျင်မှာ လူအုပ်ကြီးကလည်း ရှီရှောငိဖေးတွေးသလိုမျိုးတွေးနေကြလေသည် ။ သူတို့အားလုံး၏ စိတ်ထဲတွင် ချန်ချန်းတိုက်ခိုက်မှုဖြင့် ရှောင်လုံ သေချာပေါက်သေဆုံးရတော့မည်ဟုသာ သတ်မှတ်ထားကြသည်။
တချို့လူများ၏ မျက်လုံးထဲတွင် ဝမ်းသာသောအရိပ်အယောင်တွေဖြတ်ပြေးသွား၏ ။

ရှောင်လုံထံသို့ ရောက်ရှိလာသော အားပြင်းသည့် စွမ်းအားလှိုင်းတွေကို မြင်တော့ ကျောင်းရှု နှင့်ကျန်းဖူက ဝင်ရောက်ကာကွယ်ဖို့ ပြင်ဆင်လိုက်သည်။ သို့သော် သူတို့မလှုပ်ရှားသေးခင်မှာ ရှောင်လုံက လက်ကာပြလိုက်ပြီး

".... ခင်ဗျားတို့ ဘေးကနေပဲ အသာကြည့်နေကြပါ...."

ကာကွယ်ပေးဖို့မလိုဘူး ....!

ရှောင်လုံအမိန့်ကိုကြားလိုက်တော့ ကျောင်းရှုတို့နှစ်ယောက်က သူတို့ကာကွယ်ပေးဖို့အတွက်ပြင်ဆင်နေတာကို ရပ်တန့်လိုက်သည် ။ ချန်ချန်း၏ အကန့်အသတ်မရှိ ပင်လယ် လက်ဝါးသိုင်းက ရှောင်လုံနှင့် တဖြည်းဖြည်း နီးကပ်လာလေသည် ။
ရှောင်လုံက ချန်ချန်းကို အေးစက်စက် စိုက်ကြည့်လိုက်လေသည် ။ သူတို့နှစ်ယောက်က အကြည့်ချင်းထိပ်တိုက် တွေ့ဆုံသွားကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now