461 - 465

186 13 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၆၁ .....

ရှောင်လုံက ကျားမျိုးနွယ်စုမှ အစောင့်တွေကို ထိန်ချုပ်ရန်အတွက် နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်ဝါးသိုင်းကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ ထိုနောက် အယ်တင်တန်အား ချိန်ရွယ်၍ မဟာလေဟာနယ်နတ်ဘုရားလက်သီး တစ်ချက်ဖြင့် ထိုးချလိုက်သည်။ အယ်လင်တန်က ရှောင်လုံရုတ်တရက် တိုက်ခိုက်မှုအား ကပျာကရာ ဖြင့် ခုခံလိုက်ရသည်။

လူသားတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ဤကဲ့သို့ အရေးနိမ့်နေခြင်းဟာ အင်လင်တန်မာနကို များစွာ ထိခိုက်သွားစေသည်။

"...  ငါ့စံအိမ်တော်ထဲမှာ ဘယ်သူလာပြီး ရမ်းကားနေတာလဲ ...?"

ထိုအချိန်၌ ခန်းမဆောင် အပြင်ဘက်ကနေ စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုနောက် စွမ်းအားကြီးမားပုံရသောလူတစ်ယောက်က အဝေးငနေ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ပျံသန်းလာနေသည်။

ထိုလူက စက္ကန့်ပိုင်း အတွင်းမှာဘဲ ခန်းမဆောင်ထဲသို့ ရောက်ရှိလာသည်။ သူခြေထောက်နှင့် မြေကြီး ထိလိုက်ချိန်တွင် ကမ္ဘာမြေကြိးတစ်ခုလုံး ငလျင်လှုပ်သလို သွက်သွက်ခါသွားသည်။

ယခုရောက်ရှိလာသော ပုဂ္ဂိုလ်က ကျားမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သူ ချပ် ဖြစ်သည်။ ချပ်ဟာ စကြာဝဠာ အဆင့် ၁၀၌ အထွတ်အထိပ်သို့ ရောက်နေသည့် သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သည်။

ချပ် ရောက်ရှိလာသည့်နှင့် ရှောင်လုံရင်ဘတ်ပေါ်သို့ တောင်ကြီးတစ်လုံး ပိကျလာသလို အသက်ရှုကျပ်လုမတတ် ဖိအားများက ရှောင်လုံဆီကို ကျရောက်လာသည်။

"... ဂိုဏ်းချုပ် ..."

ဂွတ်မန်း နှင့် အယ်လင်တန်တို့ နှစ်ယောက်က ချပ် ရှိရာသို့ ကပျာကရာ သွားပြီး ဂါရဝပြုလိုက်ကြသည်။

ချပ်က ခေါင်းညိတ်ပြလိုက်ပြီး
"... ဘာတွေဖြစ်နေကြတာလဲ ...?"

ထိုနောက် သူ့အကြည့်က လေဟာနယ်ထဲတွင် ရပ်တန့်နေကြသော ကျားမျိုးနွယ်စုမှ အစောင့်များဆီသို့ ရောက်ရှိသွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Dove le storie prendono vita. Scoprilo ora