496 - 500

225 16 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၉၆ .....

ချောက်နက်ပင်လယ်သေထဲ၌ မျောလွင့်နေသော ကျွန်းတစ်ခု ရှိသည် ။ ထိုကျွန်းပေါ်တွင် တည်ဆောက်ထားသော ခန်းမဆောင်ထဲတွင် အနက်ရောင်မြူနှင်းတိမ်တိုက်များ လွှမ်းခြုံထားသော နတ်ဘုရားကျောင်းတော်၏ ဂိုဏ်းချုပ် ယန်ထျန်းက သူ့ရှေ့မှာရှိနေသည့် နတ်ဘုရားကျောင်းတော် အကြီးအကဲများကို အေးစက်စက် စိုက်ကြည့်နေသည်။

".. ဟောင်ရှောင်လုံကျင်းပမယ့် ပေါင်းစည်းပွဲအပေါ်ကို ခင်ဗျားတို့ ဘယ်လို သဘောရကြလဲ ...?"

ယန်ထျန်းက ခံစားချက်ကင်းမဲ့နေသော အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

".... ဂိုဏ်းချုပ် ဟောင်ရှောင်လုံ ပေါင်းစည်းပွဲ ကျင်းပရတဲ့ ရည်ရွက်ချက်က အရပ်ဆယ်မျက်နှာသိုင်းပြည်ထဲက အင်အားစုတွေကို သူ့လက်အောက် ခိုလှုံခိုင်းမလို့ပါ ... အဲ့ဒီ ပေါင်းစည်းပွဲ အောင်မြင်သွားတာကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေလို့ မဖြစ်ပါဘူး ... ဟောင်ရှောင်လုံ အရပ်ဆယ်မျက်နှာတိုင်းပြည်ကြီး တစ်ခုလုံးကို အုပ်စိုးပြီးသွားရင် ကျွန်တော်တို့က သူ့ရဲ့နောက်ထပ်ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပါတယ် ..."

မဟာအကြီးအကဲ တစ်ယောက်က ရှေ့ထွက်၍ ပြောလိုက်သည်။

"... ဟုတ်ပါတယ် ... အဲ့ဒီပေါင်းစည်းပွဲ အောင်မြင်သွားလို့ မဖြစ်ပါဘူး ...!"

တခြားအကြီးအကဲများကလည်း တစ်ယောက် တစ်ပေါက် ဝင်ပြောလိုက်သည်။

ယန်ထျန်းက အားလုံး ငြိမ်သက်ရန် လက်ထောင်ပြလိုက်ပြီး ခပ်မှိုင်းမှိုင်း လေသံဖြင့်

".... လျိုဝေ ... စကြာဝဠာ နတ်ဘုရား ဂိုဏ်း .. လေဟာနယ် နတ်တံခါးဂိုဏ်း ... အဖြူရောင် ဖီးနစ်အိမ်တော် နဲ့ အပြစ်မြို့တော်တုိ့ကို လူလွှတ်ပြီး ဆက်သွယ်လိုက် ..."

၎င်းအင်အားစုများကလည်း ဟောင်ရှောင်လုံ ပေါင်းစည်းပွဲ အောင်မြင်မှာကို မလိုလားကြမှန်း ယန်ထျန်းက နားလည်ထားသည်။

".... ကောင်းပါပြီ ဂိုဏ်းချုပ် ..."

လျိုဝေက ဦးညွတ်၍ အမိန့်နာခံလိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now