491 - 495

179 12 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၉၁ .....

  နဂါးကိုးကောင်ကျောင်းတော်တွင် ခန်းမဆောင် သခင်ကိုးယောက်ရှိသော်လည်း ခြင်္သေ့ရိုင်း ကျောင်းတော်တွင် ဂိုဏ်းချုပ် တစ်ယောက်သာရှိသည်။
လွေဂျေ ၏ အနောက်တွင် မတ်တပ်ရပ်နေသူများက  သူလက်အောက်မှ စစ်သူကြီးတွေ ဖြစ်ကြသည်။
လွေကျေ၏ စစ်သူကြီးများထဲတွင် သိုင်းအဆင့် အနိမ့်ဆုံးက စကြာဝဠာ အဆင့်၆ သိုင်းပညာရှင်ဖြစ်ပြီး သိုင်းအဆင့်အမြင့်ဆုံးက စကြာဝဠာ အဆင့်၁၀ နောက်ဆုံးအဆင့် သိုင်းပညာရှင် ဖြစ်သည်။

လွေဂျေကိုတော့ အောင်းကွမ်ပြီးလျှင် အစွမ်းအထက်ဆုံး သိုင်းပညာရှင်အဖြစ် လူသိများကြသည် ။

".... ဂိုဏ်းချုပ်ရဲ့ အစွမ်းက အောင်းကွမ်ထက်ကျော်သွားပြီဆိုတာ ကျွန်တော်ရဲရဲကြီးပြောရဲတယ် ..."

"... ဟုတ်တယ် ကျုပ်တို့ဂိုဏ်းချုပ်က မိစ္ဆာသားရဲမျိုးနွယ်ထဲမှ နံပါတ်တစ်သိုင်းပညာရှင် ဖြစ်လာတော့မှာ ... အခုချိန် အောင်းကွမ်နဲ့ ယှဉ်မယ်ဆိုရင်လဲ အောင်းကွမ်ကို သေချာပေါက်အနိုင်ရပြီ ..."

စစ်သူကြီးများက လွေဂျေကို အားရပါးရ ချီးကျူးလိုက်ကြသည်။ လွေဂျေကရယ်မောလိုက်ပြီး

"... ဒါဆိုလည်း နောက်လကြရင် အောင်းကွမ်နဲ့ သိုင်းဖလှယ်ဖို့ ဖိတ်စာပို့လိုက်တော့မယ် ..."

လွေဂျေ၏မျက်လုံးများက တိုက်ပွဲဆာလောင်စိတ်ဖြင့် တောက်ပလျက်ရှိသည်။
လွေဂျေက ကောင်းကင်မီးတောက်ခြင်္သေ့ အင်ပါရာ လက်ဝါးသိုင်းနှင့်အတူ နတ်ဘုရားအဆင့် ဆေးလုံးအမြောက်အမြားကိုလည်း ရရှိခဲ့သည်။
ထိုဆေးလုံးများကြောင့် လွေဂျေ၏ အတွင်းအားက ယခုနှစ်ပိုင်းအတွင်း သိသိသာသာကို တိုးတက်လာလေသည်။ လွေဂျေရင်ထဲမှာလည်း သူ့၏ လက်ရှိအစွမ်းသည် အောင်းကွမ်ကို ကျော်နိုင်ပြီဟု အပြည့်အဝယုံကြည်နေ၏ ။ ထိုကြောင့် လက်ရှိမှာ အစွမ်းထက်မှုအရ အစဉ်လိုက်စီထားသော သိုင်းပညာရှင် ဇယားကို လွေဂျေက မကျေနပ်တော့ပေ ။

".... ဂိုဏ်းချုပ် .... ဒီကောင်မလေးယောက်ကို လူသားမျိုးနွယ်ထဲကနေ ကျွန်တော်သေသေချာချာကို ရွေးပေးထားပါတယ် ... ဂိုဏ်းချုပ်ကြည့်ပါအုံး ...."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now