256 - 260

222 21 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၅၆ ...ချန်ရှောင်ထျန်၏ သံသယ

  ရှောင်လုံသူအနားကပ်လာတာကိုကြည့်ရင်း  ကန်ခမ်းတယောက် ကျောရိုးထဲအထိ စိမ့်ပြီး ကြောက်လန့်နေသည် ။

"... ငါ့ကိုသစ္စာခံမလား... သေမလား.... တခုရွေး..."

ရှောင်လုံက ကန်ခမ်းရင်ထဲထိ ရောက်သွားအောင်လို့ စကားလုံး တလုံးချင်းစီကို အလေးအနက်ထားပြိးပြောလိုက်သည် ။

ရှောင်လုံစကားကိုကြားတော့ ကန်ခမ်းမျက်နှာထက်မှာ ခံစားချက်အရိပ်အယောင်မျိုးစုံထွက်ပေါ်လာသည်။ ကောင်းကင်ဘီလူးဂိုဏ်းက နောက်ဆုံးကျန်ရှိသောအကြီးအကဲနှစ်ယောက်၏ အဖြစ်ကိုကြည့်ရုံနဲ့တင် သူငြင်းဆန်လိုက်တာနဲ့ ရှောင်လုံကသူ့ကို ချမ်းသာပေးမှာမဟုတ်မှန်း သူသိနေသည်။

သစ္စာမခံရင်သေရမယ်.... !

သေခြင်းတရားက ကန်ခမ်းရင်ထဲသို့ မွှေနှောက်ပြီးဝင်ရောက်လာသည် ။သေခြင်းတရာကိုမြင်ယောင်လာတော့ ကန်ခမ်းနှလုံးသား၏ ဗဟိုချက်မှာ တခါမှမဖြစ်ဘူးသေးသော ကြောက်လန့်တုန်လှုပ်မှု အသစ်တွေဖြစ်ပေါ်လာသည်။

ကန်ခမ်းက ဤသိုင်းဝိညာဉ်ကမ္ဘာကြီးမှာ အသက်ရှင်ခဲ့သည်မှာ နှစ်ပေါင်းမနဲတော့ပေ.. ။ ကန်ခမ်းလက်အောက်မှာ သေဆုံးခဲ့သည့်လူဥိးရေဆိုတာကလဲ လူအယောက်တသိန်းထက်မနဲချေ... ။

အဲ့ဒီအချိန်တုံးကတော့ သေဆုံးသွားတော့မယ့်လူတွေ သူတို့ရဲ့နောက်ဆုံးအချိန်အထိ နာကျင်ကြောက်ရွံ
စွာဖြင့် ရုန်းကန်နေရတာကိုကြည့်ခြင်းက သူ့ကိုစိတ်ကျေနပ်စေခဲ့သည်။ ဒါပေမယ့် အခုတော့ညသေခြင်းတရားက သူနေအိမ်သို့ တံခါးလာခေါက်ချေပြီ... ။ သူကသေခြင်းတရားကို အခုလောက်အထိ အနီးကပ်မမြင်ဘူးသေးပေ... ။ သေခြင်းတရားကိုမျက်ဝါးထင်ထင်ကြုံတွေလိုက်ရပြီးနောက်ကန်ခမ်းတယောက်ပြင်းပြင်းထန်ထန် ကန်ခမ်းတကိုယ်လုံး ကြက်သေသေသွားသည်။

ကန်ခမ်းမျက်နှာထက်မှာ ခံစားချက်မျိုးစုံ ဖြစ်ပေါနေတာကိုကြည့်ရင်း ရှောင်လုံကတော့ တည်တည်ငြိမ်ငြိမ်ဖြင့်ကန်ခမ်းဆုံးဖြတ်ချက်ကိုစောင့်စားနေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now