521 - 525

182 13 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၂၁ ........

  သို့သော် စုထန်စကားမဆုံးသေးခင် ရှောင်လုံ၏ နတ်ဓားနှစ်လက်က သူ့လည်ပင်းအနားသို့ ရောက်နေပြီဖြစ်သည်။ ကြောက်မက်ဖွယ်ရာ ဓားစွမ်းအင်ကြောင့် စုထန်ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားလေသည်။

စုထန်၏ အော်သံက တဖြည်းဖြည်း ငြိမ်ကျသွားသည်။ ထိုနောက် နှစ်ပိုင်းပြတ်သွားသော သူ့ခန္ဓာကိုယ်က ဆန့်ကျင်ဘက်အရပ်သို့ ပြုတ်ကျသွားသည်။ ကြမ်းပြင်တစ်ခုလုံး သွေးများဖြင့် နီရဲသွားသည်။

ရှောင်လုံက စုထန်က အဖက်လုပ်ပြီး နှစ်ခါကြည့်မနေပေ ။ အဆိပ်နောက်ချေးပိုးနှင့် မဟာတစ္ဆေအလံတော်အား ထုတ်၍ စုထန်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အား လက်စတုံးပေးလိုက်သည်။

"...ဟောင်ရှောင်လုံ ... ငါတို့ ကြယ်ဓားဂိုဏ်းက မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး ..."

သူ့စိတ်ဝိညာဉ် အမှန်တကယ် မသေဆုံးသွားခင်မှာ
စုထန်၏ နောက်ဆုံးအော်သံက ကျယ်ဝန်းသော ခန်းမဆောင် တစ်ခုလုံး ပဲ့တင်ညံသွားသည်။

သို့သော် ရှောင်လုံက မျက်နှာ တစ်ချက်ပျက်သွားခြင်း မရှိပေ

"... ကြယ်ဓားဂိုဏ်း ...ဟုတ်လား?"

ရှောင်လုံ ကောင်းကင်အဆင့် သိုင်းသမားဖြစ်ခဲ့စဉ်ကတောင် ထိုအချိန်က သိုင်းလောက ဥလျောင်ဖြစ်နေသည့် နတ်ဘုရားကျောင်းတော်အား ဂရုစိုက်ခဲ့ခြင်း မရှိပေ ။

စုထန် ကိစ္စကိုဖြေရှင်းပြီးနောက် ရှောင်လုံက မဟာအကြီးအကဲချုပ် မိုကျိဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုနောက် အဆိပ်နောက်ချေးပိုးနှင့် မဟာတစ္ဆေအလံတော်က မိုကျိ၏ အသားနှင့် စိတ်ဝိညာဉ်တို့အား ဝါးမြို စားသုံးလိုက်ကြသည်။

မိုကျိ နှင့် စုထန်တို့ကျန်ရစ်ခဲ့သည့် သိုလှောင်လက်စွပ် များကိုလည်း သိမ်းဆည်းလိုက်သည်။ ထိုနောက် ငရဲမျက်လုံးဖြင့် ခန်းမဆောင် အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။

  ခဏကြာပြီးနောက် ရှောင်လုံက သူ့နဖူးထက်မှ ငရဲမျက်လုံးအား ပြန်ပိတ်လိုက်သည်။ခန်းမဆောင်အတွင်းဘက်တွင် ယင်းထျန်၏ အရပ်အယောင်ကိုပင် မမြင်ရပေ ။ ရှောင်လုံလည်း မျက်မှောင်ကြုတ်သွားသည်။ လီလူကလည်း အစအနရှာမရအောင် ပျောက်ဆုံးနေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now