831 - 835

157 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၃၁ ..... ဗဟို အစီအရင်

"သုံးရက်တဲ့လား"

နဂါးစိမ်းသားရဲဘုရင်၊ဘိုးဘေးဘီဖန်းနှင့် ဘိုးဘေးတောင်ဆိတ် တို့သည် ရက်ပေါင်းများစွာ အားသွန်ခွန်စိုက် တိုက်ခိုက်ရမှုကြောင့် ဒေါသထွက်နေကြရာမှ ရုတ်တရက် ခွန်အားပြည့်သွားကြပြီး အလင်းအကာအကွယ်ကို အရူးအမူး တိုက်ခိုက်လိုက်ကြသည်။

တစ်ရက် ၊ နှစ်ရက် ၊သုံးရက်...

အက်ကွဲကြောင်းများသည် တစ်နေ့ထက် တစ်နေ့ ကြီးမား ကျယ်ပြန့်လာပြီး အလင်းအကာအကွယ်၏ အစွန်းနှစ်ဖက်လုံး ဆီသို့ ရောက်ရှိသွားလေသည်။အဆုံး၌ ရောင်စုံ အလင်းအကာအကွယ်သည် ပြင်းထန်စွာ တုန်ခါသွားလေပြီး ကွဲ အက်သွားလေသည်။

ကြည်လင်ပီသလှသော အက်ကွဲသံက လေထုထဲတွင် မြည်ဟီးသွားပေသည်။

ထိုအသံကို ကြားလိုက်ရချိန်တွင် ကောင်းကင် ထိုးဖောက်ခြင်း သာရဲ ဘုရင်နှင့် ကျန်သူများး မျက်နှာ များသည် ပျော်ရွှင်မှုများဖြင့် ဖုံးလွှမ်းသွားပေသည်။

သို့သော်လည်း ကွဲအက်စွားသည့် အလင်းအကာအကွယ်ဆီမှ အင်အားကြီးမားလှသော စွမ်းအင်လှိုင်းများ တစ်ခု ထွက်ပေါ်လာပြီး သူတို့ရှိရာဆီသို့ ပြေးဝင်လာလေသည်။သူတို့၄ယောက်လုံးသည် ကြောင်အသွားကြပြီး နောက်ဆုတ်ရန်ပြင်လိုက်ကြသော်လည်း နောက်ကျ သွားပေသည်။

ထိုအားကောင်းလှသော စွမ်းအင်၏ တိုးဝင်လာမှုကြောင့် ၄ ယောက်သည် ကြိုးပြတ်သွားသည့် စွန်များနှယ် အဝေးဆီသို့ လွင့်ပျံသွားကြလေသည်။ထို့နောက် ရေမျက်နှာပြင်သို့ ကျော်လွန်သွားကာ မြေပြင်ပေါ်သို့ ကျဆင်းသွားကြလေသည်။

သူတို့ ၄ ယောက်လုံးသည် လည်ချောင်းထဲသို့ ဆန်တက်လာသော နွေးထွေးသည့် အရည်ကို ခံစားလိုက်ကြရပြီး ခဏအကြာ၌ ပါးစပ် အပြည့် သွေးအန်လိုက်ကြရပေသည်။သူတို့ကို ထိတ်လန့်ကြောက် ရွံ့သွားစေသည်မှာ ထိုစွမ်းအင်သည်  သူတို့၏ ခန္ဓာကိုယ် များ၏ အတွင်းပိုင်းကို ဖရိုဖရဲ ပျက်စီးမှုများ ဖြစ်သွားစေပြီး သူတို့၏ မရီဒီယန်သွေးကြောများနှင့် စိတ်ဝိညာဉ်ပင်လယ်ကို ဖျက်ဆီးရန် ကြိုးပမ်းလာခြင်းပင် ဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now