136 - 140

336 26 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၃၆ .... မင်းလုပ်ရဲလို့လား.. ?

    မြို့စောင့်တပ်က ကြောက်လန့်တကြားထွက်ပြေးသွားပြီးတဲ့နောက်
လီဘင်းက ရှောင်လုံနံဘေးသို့လာကာ ဂရုတစိုက် သတိထားပြီးမေးလိုက်သည်။
"...သခင်လေး ဒီမေဖန်းလျန်နဲ့ တိမ်ကင်းစင်ဂိုဏ်းသားတွေကိုရော
ကျွန်တော်တို့ ဘယ်လိုဆက်လုပ်ကြမလဲ  ...?"

ရှောင်လုံကမေဖန်းလျန်နဲ့ တခြား တိမ်ကင်းစင်အိမ်တော်က အဖွဲ့သားတွေကိုကြည့်ရင်း သရော်ပြုံးပြုံးလိုက်ကာ
   "... သူတို့အကုန်လုံးကိုအဝတ်အစားတွေချွတ်ပြီး လမ်းမပေါ်ကကျောက်တိုင်ကြီးတွေပေါ်မှာ တယောက်ချင်းသွားချိတ်ထားလိုက်...
ငါအထင်တော့ လူတွေလဲ ဒီလို ထူးထူးဆန်းဆန်းမြင်ကွင်းကိုမမြင်ရတာကြာနေပြီထင်တယ်... သေချာပေါက်စိတ်ဝင်စားကြမှာပဲ.. "

"..အဝတ်အစားတွေချွတ်ပြီး လမ်းမပေါ်ကကျောက်တိုင်တွေပေါ်မှာ သွားချိတ်ထားမယ်... ?"
လီဘင်းနဲ့ အဖွဲ့သားတွေအကုန်လုံးရဲ့ မျက်နှာတွေမှာ ထူးဆန်းအံ
သြတဲ့အရိပ်အယောင်တွေပေါ်လာကြသည်။
တကယ်ကောင်းတဲ့ တုန့်ပြန်မှုပဲ... !
တကယ်ကိုကောင်းလွန်းတာပဲဟ.. !

မေဖန်းလျန်တယောက် ရှောင်လုံနတ်ဆိုးလက်သည်းသိုင်းကနေစိမ့်ဝင်လာတဲ့ အအေးဓတ်စွမ်းအင်ကို ကြိုးစားခုခံနေစဉ်မှာပဲ ရှောင်လုံရဲ့ အဝတ်ချွတ်ပြီး လမ်းမပေါ်ချိတ်ထားမယ်ဆိုတဲ့စကားကိုလဲကြားလိုက်ရော သူနှလုံးထဲကိုသွားတဲ့သွေးတွေ ပြောင်းပြန်စီးဆင်းသွားသလို ခံစားလိုက်ရပြီ သတိမေ့မျောသွားတော့သည် ။

တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်လဲ မေဖန်းလျန်ဆိုတာက အာရုံဦးမြို့ တိမ်ကင်းစင်အဖွဲ့ခွဲခေါင်းဆောင်ရဲ့ သားတယောက်မို့ အာရုံဦးမြို့ထဲမှာ သူ့ဂုဏ်သတင်းကလဲ ကျော်ဇောလေသည်။ သူအဖေရဲ့ မျက်နှာကြောင့် အာရုံဦးရဲ့ တော်ဝင်မျိုးနွယ်မိသားစုတွေတောင် သူ့အပေါ်ကို မောက်မောက်မာမာ မဆက်ဆံရဲကြပေ.. ။
အခုလိုမျိုး နေ့ခင်းကြောင်တောင်ကြ်ိးမှာသာ သူအဝတ်ဗလာနဲ့ လမ်းမပေါ်ချိတ်ဆွဲခံထားရပြီးလို့ နောက်အနာဂတ်ကြရင် ဒီမြို့ကလူတွေကို သူဘယ်လိုမျက်နှာချင်းရင်ဆိုင်ရတော့မှာလဲ.. ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now