146 - 150

298 28 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၄၆ ..... အတန်းရဲ့ပထမနေရာကိုယူခြင်လို့ဟုတ်လား..?

     ".. ဂိုဏ်းချုပ် တခြားကိစ္စတခုလဲရှိပါသေးတယ်...  ဒိကြားထဲမှာ ထျန်ယွမ်အိမ်တော်က အစောင့်တွေနဲ့ ဝန်ကြီးချုပ် အိမ်တော်က စစ်သားတွေက ပဋိပက္ခ တွေမကြာခနဖြစ်ပွားနေပါတယ်.. "
ဖေးဟိုက ခနလောက်တုန့်ဆိုင်းနေပြီးမှ ရှောင်လုံကိုပြောပြလိုက်သည်။

"...ဝန်ကြီးချုပ်အိမ်တော်ဟုတ်လား... ?"
ရှောင်လုံမျက်လုံးတွေက ဝန်ကြီးချုပ်ဆိုတဲ့ သတင်းကြားတာနဲ့ ရေခဲတမျှ အေးစက်သွားကာ
"... ဘာဖြစ်ကြတာလဲ.. ?"

"... လွန်ခဲ့တဲ့တပါတ်လောက် ကျွန်တော်တို့ထျန်ယွမ်အိမ်တော်ကနေ အစောင့်တချို့ကို စားသောက်စရာတွေဝယ်ဖို့စေလွှတ်ခဲ့ပါတယ်..
ကျွန်တော်တို့အစောင့်တွေ စားသောက်စရာသွားဝယ်တဲ့နေရာကိုရောက်တော့ ဝန်ကြီးချုပ်အိမ်တော်ကအစောင့်တွေနဲ့ ရင်ဆိုင်တွေ့ကြပါတယ်... သူတို့ပြောတာက ဒီစားသောက်စရာတွေကို သူတို့ကြိုတင်စရံပေးထားတာကြာပြီတဲ့ .."
ဖေးဟိုက ပြန်ဖြေလိုက်သည် ။
".. အဲ့နောက်တော့ နှစ်ဘက်လုံးပိုအငြင်းပွားလာကြပြီး ဝန်ကြီးချုပ်အိမ်တော်ကအစောင့်တယောက်က ရုတ်တရက်စတင်တိုက်ခိုက်လိုက်တာမို့ ကျွန်တော်တို့ဘက်ကအစောင့်တယောက်ဒဏ်ရရသွားပါတယ်...  အဲ့နောက်ပိုင်းမှာတော့ ရန်ပွဲကပိုပြီးကြီးမားလာတာပါ.. "

ရှောင်လုံက အေးစက်စက်မျက်နှာထားဖြင့်ခေါင်းညိတ်ပြလိုက်သည်။
ဝန်ကြီးချုပ် အိမ်တော်...?

"... ဖေးဟို...  အခုချက်ချင်းငါ့အမိန့်ကိုထုတ်ပြန်လိုက်....  နောက်တခါဝန်ကြီးချုပ်အိမ်တော်ကလူတွေနဲ့တွေ့ရက် ယဉ်ယဉ်ကျေးကျေးဆက်ဆံနေစရာမလိုဘူးလို့....  သူတို့မျက်ခွက်ကိုပဲထိုးထိုး... လက်ကိုပဲချိုးပစ်ချိုးပစ် အသက်မသေရင်ပြီးရော ကြိုက်တာလုပ်နိုင်တယ်လို့....  "
ရှောင်လုံလဲ အသံကရေခဲတမျှအေးစက်နေလေသည် ။

"... ဟုတ်ကဲ့... ဂိုဏ်းချုပ်.... ကျွန်တော်မျိုးအခုချက်ချင်း ထုတ်ပြန်လိုက်ပါ့မယ်.. "
ဖေးဟိုက ပြန်ဖြေလိုက်သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now