241 - 245

259 19 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၄၁ .......

ရှောင်လုံ အခင်းဖြစ်ပွားနေသည့်နေရကိုရောက်တော့ ကျောင်းရှုနှင့် ကျန်းဖူတို့နှစ်ယောက်က တခြား လူလေးယောက်နှင့် ကောင်းကင်ထက်မှာ တိုက်ပွဲဖြစ်ပွားနေတာကိုမြင်လိုက်ရသည်။ ကျန်းဖူ ရ်ုဆိုင်နေရသည့်ရန်သူက လီလူဆရာ လီမိုလင် ဖြစ်ပြီး ကျောင်းရှုကတော့ ယောင်အိမ်တော်၏ ဘိုးဘေးဖြစ်သူအပါအဝင် နတ်ဘုရားကျောင်း၏ ဝတ်စုံကိုဝတ်ဆင်ထားသော နောက်ထပ်လူနှစ်ယောက် အပြင်းအထန်တိုက်ခိုက်နေလေသည် ။

ဒါပေမယ့် ယောင်ဖေးကတော့ ပျောက်ချင်းမလှပျောက်ဆုံးနေသည် ။

သူတို့တိုက်ပွဲတွေဖြစ်ပွားနေသည့် အောက်ဘက်ကလမ်းမပေါ်မှာတော့ မင်္ဂလာဧည့်ကြိုပွဲမှာ ပါဝင်လာကြသည့် ဂိုအိမ်တော်အစောင့်တွေ သွေးအိုင်ထဲမှာ လဲကျနေကြတာကို ရှောင်လုံ မြင်လိုက်ရသည်။ သူတို့နှင့် သိပ်မဝေးသော လမ်းထောင့်တနေရာမှာတော့ ဂိုတန်က တခြားကျန်ရှိနေသော ဂိုအိမ်တော်အစောင့်တွေနှင့်အတူ ဟောင်မင်းရှေ့ကနေ ဝိုင်းပတ်ကာ ကာကွယ်ပေးနေသည် ။

သူ့ညီမလေး ဟောင်မင်းနှင့် ဂိုတန် တိုနြှစ်ယောက်လုံး ဘာမှမဖြစ်တာကိုမြင်တော့မှ သူ့ရင်ဘတ်ထဲမှာ ဆို့နေသည့် အလုံးကြီးပြုတ်ကျသွားသလိုမျိုး ရှောင်လုံသက်ပြင်းချနိုင်သွားသည် ။

ရှောင်လုံ ရောက်လာတာကိုမြင်တော့ လမ်းတဖက်မှာရှိနေသည့် ဟောင်မင်း ဂိုတန်နှင့်အတူ ရှောင်လုံဆီသို့ ပြေးလွှားလာကြသည်

"... အ...အကိုကြီး ..."

"... ညီမလေး ... နင်ဘာမှ မဖြစ်ဘူးမလား..?"

ရှောင်လုံကစိတ်ပူစွာဖြင့် မေးမြန်းလိုက်သည် ။
"... ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး ..."

ဂိုတန်တို့ကခေါင်းခါပြလိုက်ကြသည် ။ သူတို့နှစ်ယောက်လုံးဘာမှမဖြစ်တာကိုကြားတော့မှ  ရှောင်လုံရင်ဘတ်ထဲမှာ လက်ကျန် တင်းကျပ်နေတာတွေ အကုန်လုံး လျော့ကျသွာတော့သည်။ ထိုအချိန် စူးရှသောလေချွန်သံတွေနှင့်အတူ လူရိပ်နှစ်ခုကတိုက်ပွဲဖြစ်ပွားနေသည့်နေရာတွေဆီသို့ ရောက်ရှိလာကြသည်။
ရောက်ရှိလာကြသောလူနှစ်ယောက်ကတော့ ဒေါင်ရမ်းအင်ပါရာပြည့်ရှင် ဒေါင်ရမ်နှင့် ဂိုမိသားစုဘိုးဘေး ဂိုချန်တို့ပဲ ဖြစ်ကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now