981 - 985

162 8 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၈၁.....အစိမ်းရောင်တိမ်တိုက်ကျွန်း

" အခြားကျွန်းကတဲ့လား "

ရှောင်လုံက အနည်းငယ် သတိထားလိုက်သော်လည်း အလျှင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်ပါတယ် "

" အံ့သြစရာ မရှိပါဘူး "

အနက်ရောင်ဆံပင်နှင့် အကြီးအကဲ က နားလည်ဟန်ဖြင့် ပြုံးလိုက်လေသည် ။ ထို့နောက်သူက ရှောင်လုံကို သွေးဖီးနစ်တောအုပ် အကြောင်းနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့အား အလျှင်အမြန် ရှင်းပြလိုက်လေသည် ။

အရင်က ပြောခဲ့သည့် အတိုင်းပင် သူ ရောက်ရှိနေသော ကမ္ဘာဦးတောအုပ် ကို သွေးဖီးနစ်တောအုပ် ဟု ခေါ်ပေသည်။ ဤတောအုပ်သည် ရှေးခေတ် အချိန်ကာလများကတည်းက တည်ရှိခဲ့ခြင်း ဖြစ်ပြီး တောအုပ် တည်ရှိခဲ့သည်မှာ မည်မျှကြာပြီ ဖြစ်ကြောင်းကို မည်သူမှ သေချာမသိနိုင်ပေ။

ဒဏ္ဍာရီအရဆိုပါက လွန်ခဲ့သည့် ရှေးခေတ်ကာလ အတွင်း ဤနေရာ၌ အားကောင်းလှသည့် သွေးဖီးနစ် တစ်ကောင် သေဆုံးဖူးပေသည်။ ထို့ကြောင့် တောအုပ်၏ နာမည်ကို သွေးဖီးနစ် ဟု ပေးထားခြင်း ဖြစ်သည်။

သွေးဖီးနစ် ၏ သွေးဆီမှ သက်ရောက်မှုကြောင့် သွေးဖီးနစ် တောအုပ်ထဲရှိ မိစ္ဆာသားရဲ များအားလုံးသည် သွေးဖီးနစ် ၏ သွေးမျိုးဆက် ကို အနည်းနှင့်အများ ပိုင်ဆိုင်ထားကြသည်။ အချိန်များစွာ ကြာပြီးနောက် ၌ ထို သွေးမျိုးဆက် သည် အလွန်တရာ မှေးမှိန်ဖျော့တော့လာပေသည်။

သွေးဖီးနစ်တောအုပ် သည် အစိမ်းရောင်တိမ်တိုက်ကျွန်း ပေါ်တွင် တည်ရှိပြီး ထို ကျွန်းသည် နတ်ဘုံကမ္ဘာ ထဲ၌ သေးငယ်လှသည့် ကုန်းမြေတစ်ခု ဖြစ်သည်။ သို့သော်လည်း အနက်ရောင် လိပ်ကြယ်စင်စုထက် နှစ်ဆပိုမိုကြီးမားနေဆဲ ဖြစ်သည်။

အနက်ရောင်လိပ်ကြယ်စင်စု ကဲ့သို့သော ကြယ်စင်စု နှစ်ခုပေါင်းမှသာ ထိုကျွန်းနှင့်နှိုင်းယှဥ်နိုင်ပေလိမ့်မည်။

သွေးဖီးနစ်တောအုပ်သည်အစိမ်းရောင်တိမ်တိုက်ကျွန်း ၏ သုံးပုံပုံတစ်ပုံ ကို နေရာယူထားသည်။ ထိုအပြင် အလယ်ဗဟို အကျဆုံး နေရာ၌ တည်ရှိေနပေသည်။ ထို့ကြောင့် ထိုတောအုပ်ကို ကျွန်းတစ်ခုလုံး က သိရှိကြပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now