896 - 900

148 12 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၉၆ ..... သိုင်းဝိညာဥ်ကမ္ဘာပေါ်သို့ ဆင်းသက်ခြင်း

သိုင်းဝိညာဥ်ကမ္ဘာ ၏ ပေါများကြွယ်ဝသော စိတ်ဝိညာဥ်စွမ်းအင်၏ ဆွဲဆောင်မှုကြောင့် လာရောက်နေထိုင်ကြသည့် ကျင့်ကြံသူများသည်ပင် သူတို့၏ အိမ်တော်များကို အနိမ့်ဆုံးစျေးဖြင့် ရောင်းချပစ်လိုက်ကြသည်။ သို့မှသာ သူတို့အနေဖြင့် မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းသွားနိုင်ကြမည်ဖြစ်သည်။

ဤသို့ဖြစ်ရသည်မှာ ရဲ့လူမိသားစုနှင့် ပေ့ထန်းမိသားစုတို့က သိုင်းဝိညာဥ်ကမ္ဘာတစ်ခုလုံးကို သွေးချောင်းစီးစေမည်ဟုသတင်းလွှင့်ထားသောကြောင့် ဖြစ်သည်။

"အဲ့ဒီ ဘိုးဘေးတွေက သွေးစာချုပ်ကို ဖျက်သိမ်းချင်နေမှတော့...သူတို့ကို ကျုပ်ဆီ အခု လာတွေ့ဖို့ ပြောလိုက်"

ရှောင်လုံက နဂါးစိမ်းသားရဲဘုရင် ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။

နဂါးစိမ်းသားရဲဘုရင် က ရိုသေလေးစားစွာ နာခံကြောင်းပြလိုက်လေပြီး ခန်းမထဲမှ ထွက်ခွာသွားလေသည်။

ခဏအကြာ၌ သူက လူတစ်ဒါဇင်ကျော်ကို ခေါ်ကာ ပြန်ရောက်လာသည်။

ခန်းမထဲသို့ ဝင်လာရင်း ထိုဘိုးဘေးများ၏ မျက်နှာထက်၌ တွေဝေတုန့်ဆိုင်းမှုများ ယှက်သန်းနေကြပေသည်။ သူတို့က ရှောင်လုံကို အရင်ပုံစံအတိုင်း ဂါရဝပြုလိုက်ကြသော်လည်း ရိုသေလေးစားမှု ပါရှိခြင်းမရှိပေ။

ရှောင်လုံ၏ ခံစားချက်မဲ့နေသည့်ဟန်ပန်ကြောင့် သူမ ဘာစဥ်းစားနေသည်ကို မည်သူမှ ခန့်မှန်းနိုင်ခြင်းမရှိပေ။

"ခင်ဗျားတို့အားလုံး... ခင်ဗျားတို့ရဲ့ သွေးစာချုပ်တွေကို ဖျက်သိမ်းချင်နေကြတာလား..."

ဘိုးဘေး တစ်ဒါဇင်ကျော်က တပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။

"အမှန်ပဲ"

သူတို့ထဲမှ တစ်ယောက်ဖြစ်သော မဟာနတ်ဘုရားအဆင့် ၂ ဘိုးဘေးတစ်ယောက်က အံကြိတ်ကာ ရှေ့သို့ တိုးလာလေသည်။

"ကျန်နေတဲ့ နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို...ငါတို့ ပြန်ပေးပါ့မယ်"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now